
၁။ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
(က) မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ချမှတ်ပေးထားသည့် လေ့ကျင့်ရေးဆိုင်ရာ မူဝါဒများအား အကောင်အထည်ဖော် ဆောင်ရွက်ခြင်း။
( ခ ) မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ချမှတ်ပေးထားသည့် ရည်မှန်းချက်တာဝန်များအား အကောင်အထည်ဖော် ဆောင်ရွက်ခြင်း။
( ဂ ) သင်ရိုးညွှန်းတမ်းများအား ခေတ်စနစ်၊ နည်းပညာတိုးတက်မှု အချိန်ကာလ အခြေအနေတို့အတွက် စိစစ်ပြင်ဆင်ရေးဆွဲခြင်း။
(ဃ) နည်းပြအရည်အချင်း မြင့်မားရေးအတွက် နည်းပြလေ့ကျင့်ရေးအစီအမံများ ချမှတ် ဆောင်ရွက်ခြင်း။
( င ) သင်တန်းအမျိုးအစားအလိုက် သင်တန်းရည်ရွယ်ချက်များ အောင်မြင်အောင် ဆောင်ရွက်ခြင်း။
( စ ) သင်တန်းသားများ လက်ခံနိုင်မှု စွမ်းရည်အား အကဲဖြတ်၍ စွမ်းရည်ပြည့်ဝစေရန်၊ နည်းစနစ် တီထွင်ဖော်ဆောင်ခြင်း။
(ဆ) စိတ်ဓာတ်စည်းကမ်းနှင့် ကိုယ်ကျင့်တရားကောင်းမွန်ပြီး အများအကျိုး သယ်ပိုးလိုသည့် အကြပ်ကောင်းများ ဖြစ်လာစေရေးအတွက် စီမံကြပ်မတ်လေ့ကျင့်ဆောင်ရွက်ခြင်း။
၂။ လေ့ကျင့်ရေးဆိုင်ရာမူဝါဒများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
(က) ယုံကြည်ချက်၊ ခံယူချက် မှန်ကန်အောင် လေ့ကျင့်ပေးရန်။
( ခ ) နိုင်ငံတော်အစိုးရဘက်မှ ရပ်တည်ချက် ခိုင်မာအောင် လေ့ကျင့်ပေးရန်။
( ဂ ) စိတ်ဓာတ်စည်းကမ်း၊ ကိုယ်ကျင့်တရားကောင်းမွန်၍ အများအကျိုး သယ်ပိုးလိုစိတ် ရှိအောင် ဦးတည်လေ့ကျင့်ပေးရန်။
(ဃ) မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ချမှတ်ပေးသော ရည်မှန်းချက်တာဝန်များကို ကျေပွန်စွာ ဆောင်ရွက်နိုင်ရေး လေ့ကျင့်ပေးရန်။
( င ) ဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များကို အဆင့်နှင့် လိုက်လျောညီထွေအောင် သိရှိ လေ့လာလိုက်နာဆောင်ရွက်နိုင်ရေး လေ့ကျင့်ပေးရန်။
( စ ) ခေတ်မီနည်းပညာနှင့် အတတ်ပညာများ၊ ဗဟုသုတများကို စဉ်ဆက်မပြတ် လေ့လာလိုစိတ်ရှိအောင် ဦးတည်သင်ကြားပေးရန်။
(ဆ) စွမ်းရည်(၄)ရပ် မြင့်မားလာစေရေး ဦးတည်လေ့ကျင့်ပေးရန်။
၃။ အောက်ပါသင်တန်းများ ဖွင့်လှစ် သင်ကြားလေ့ကျင့်ပေးလျက်ရှိပါသည်-
သင်တန်းအမျိုးအစား သင်တန်းကာလ
(က) ရဲအကြပ်ငယ်(အမျိုးသား)သင်တန်း ၆ ပတ်
( ခ ) ရဲအကြပ်လောင်း(အမျိုးသား)သင်တန်း ၆ ပတ်
( ဂ ) ရဲတပ်ကြပ်ကြီး(အမျိုးသား)သင်တန်း ၆ ပတ်
(ဃ) တိုက်ပွဲဝင်စည်းရုံးရေး(အကြပ်/တပ်သား)သင်တန်း ၄ ပတ်
( င ) ရဲတပ်ကြပ်ကြီး(မှုခင်းစာရေး)သင်တန်း ၁၇ ပတ်
( စ ) အမှုစစ်(အခြားအဆင့်)သင်တန်း ၆ ပတ်
(ဆ) နယ်ထိန်း(အခြားအဆင့်)သင်တန်း ၆ ပတ်