လုပ်ငန်းတာဝန်များ
၁။ ကမ္ဘာလှည့်ခရီးသည်များ၏ အကျိုးစီးပွားလုံခြုံရေးအတွက် စောင့်ရှောက်ပေးခြင်း။
၂။ ပြည်တွင်းခရီးသွားလာမှုများတွင် အနှောင့်အယှက်ကင်းကင်းဖြင့် အဆင်ပြေချောမွေ့မှုရှိစေရေး ကူညီ ဆောင်ရွက်ပေးခြင်း။
၃။ မြန်မာနိုင်ငံသို့ရောက်ရှိနေထိုင်စဉ် ကြုံတွေ့ရသောပြဿနာရပ်များကို ကူညီဖြေရှင်းဆောင်ရွက်ပေးခြင်း။
၄။ ကမ္ဘာလှည့်ခရီးသည်များ၏ လုံခြုံရေးအတွက် ဟိုတယ်၊ မိုတယ်စသည့် တည်းခိုနေရာများ၊ခရီးသွားလုပ်ငန်း အေဂျင်စီများကို စိစစ်ကြပ်မတ်ခြင်း။
၅။ ကမ္ဘာလှည့်ခရီးသည်များနှင့်ပတ်သက်သည့် အမှုအခင်းများကို သက်ဆိုင်ရာဒေသ ရဲတပ်ဖွဲ့သို့ တင်ပြ၍ တရားရေးဆိုင်ရာအစီအစဉ်များ ဆောင်ရွက်ခြင်းနှင့် သက်ဆိုင်ရာသံရုံးများသို့ အသိပေး အကြောင်းကြားခြင်း။
၆။ ကလေးသူငယ်များအပေါ် လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်သည့် ခရီးသွားလုပ်ငန်း(Child Sex Tourism) နှင့်အခြားသော (Sex Tourim)များ မဖြစ်ပေါ်စေရေး တားဆီးကာကွယ်ဆောင်ရွက်ခြင်း။