အရေးပေါ်ဖုန်း: 199
မြန်မာနိုင်ငံရဲတပ်ဖွဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ Myanmar Police Force

နိုင်ငံဖြတ်ကျော်မှုခင်းဌာနကြီး၏ လုပ်ငန်းတာဝန်များ

လုပ်ငန်းတာဝန်များ

၁။    ကုလသမဂ္ဂ ကွန်ဗင်းရှင်းနှင့် ၄င်း၏ နောက်ဆက်တွဲ စာချုပ်များနှင့်အညီ ဥပဒေရေးရာနှင့် အကောင်အထည် ဖော်ရေးဆိုင်ရာလုပ်ငန်းများ စိစစ်သုံးသပ် တင်ပြဆောင် ရွက်ရခြင်း။
၂။    ကုလသမဂ္ဂ ကွန်ဗင်းရှင်းများ၊ ဒေသဆိုင်ရာစာချုပ်များ ကို မြန်မာနိုင်ငံ အဖွဲ့ဝင်အဖြစ် ဝင်ရောက်ရေးနှင့်ပတ် သက်ပြီး စိစစ်သုံးသပ်တင်ပြရခြင်း။
၃။    ကုလသမဂ္ဂ ကွန်ဗင်းရှင်းညီလာခံ၏ ဆုံးဖြတ်ချက်များ ကို အဆင့်ဆင့် တင်ပြဆောင်ရွက်ရခြင်း။
၄။    နားလည်မှုစာချွန်လွှာရေးထိုးခြင်းနှင့် အကောင်အထည်ဖော် မည့် စီမံကိန်းများ တင်ပြဆောင်ရွက်ရခြင်း။
၅။    အပြည်ပြည်ဆိုင်ရာရဲအဖွဲ့၊ အာဆီယံ ရဲအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ရခြင်း။
၆။    အလုပ်ရုံဆွေးနွေးပွဲ၊ သင်တန်းများဖွင့်လှစ်ပြီး တပ်ဖွဲ့ဝင်များ၏ စွမ်းရည်မြှင့်တင်ရေး ဆောင်ရွက်ရခြင်း။
၇။    ပြည်တွင်းပြည်ပ အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များနှင့် တွေ့ဆုံဆွေးနွေးရေးကိစ္စများ ဆောင်ရွက်ခြင်း။
၈။    ပြည်တွင်း၌ပြုလုပ်မည့် ညီလာခံများ၊ အစည်းအဝေးများ ကြီးကြပ်ရခြင်း။
၉။    မှုခင်းများ လျော့နည်းရေး ပူးပေါင်းဆောင်ရွက်ခြင်း။
၁၀။    နှစ်နိုင်ငံ/ဒေသအတွင်း/နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများ စိစစ်တင်ပြ ဆောင်ရွက်ခြင်း။