အရေးပေါ်ဖုန်း: 199
မြန်မာနိုင်ငံရဲတပ်ဖွဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ Myanmar Police Force

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ လုပ်ငန်းတာဝန်များ

လုပ်ငန်းတာဝန်များ

၁။ ဗဟိုအဖွဲ့၏ မူဝါဒဆိုင်ရာ ကိစ္စရပ်များကို တာဝန်ခံ အကောင်အထည်ဖော်ခြင်း။

၂။ အခြားဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရမည့်ကိစ္စရပ်များကို ဥက္ကဌနှင့် အတွင်းရေးမှူးတို့၏ ညွန်ကြားချက် အရ တိကျစွာအကောင်အထည်ဖော်ခြင်း။

၃။ နိုင်ငံတကာဆက်ဆံရေးလုပ်ငန်းများ ချောမွေ့အဆင်ပြေစေရေးအတွက် ပြည်ပအဖွဲ့အစည်းများ၊ အခြား ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခြင်း။

၄။ နိုင်ငံတကာအဖွဲ့အစည်းများမှ ပေးပို့သော မူးယစ်ဆေးဝါးတားဆီး ကာကွယ်ရေးဆိုင်ရာလှုပ်ရှားမှုများ၊ သတင်းများကိုလက်ခံခြင်း၊ အထက်အဖွဲ့အစည်းများသို့ တင်ပြခြင်း၊ သက်ဆိုင်ရာဌာနများသို့ဖြန့်ဝေခြင်း၊  ပေါင်းစပ်ညှိနှိုင်းခြင်း။

၅။ နိုင်ငံတော်အဆင့် မူးယစ်ဆေးဝါးဖျက်ဆီးမှုများ ပြုလုပ်မည့်နေရာ၊ ဖျက်ဆီးမည့်အရေအတွက် စာရင်းပြုစု၍ အထက်အကြီးအကဲများထံတင်ပြခြင်း၊ စနစ်တကျလုံခြုံရေးဆောင်ရွက်ခြင်း၊ မှတ်တမ်းတင်ခြင်းနှင့် သတင်းထုတ်ပြန်ခြင်းများကို ကြီးကြပ်ကွပ်ကဲဆောင်ရွက်ခြင်း။