လုပ်ငန်းတာဝန်များ
၁။ ပင်လယ်ဓါးပြမှုများ ကာကွယ်တားဆီးရန်နှင့် ဖော်ထုတ်အရေးယူဆောင်ရွက်ခြင်း။
၂။ ရေပြင်အကြမ်းဖက်မှုများအား တန်ပြန်အကြမ်းဖက်စစ်ဆင်ရေး ဆောင်ရွက်ခြင်း။
၃။ ကမ်းလွန်သဘာဝဓါတ်ငွေ့၊ ရေနံတူးစင်များနှင့်နိုင်ငံတော်ပိုင်လုပ်ငန်းများလုံခြုံရေး ဆောင်ရွက်ခြင်း။
၄။ သဘာဝဘေးအန္တရာယ်နှင့်ရေဘေးဒုက္ခသည်များ ကယ်ဆယ်ရေး ဆောင်ရွက်ခြင်း။
၅။ ရေပြင်ပိုင်နက်မှတစ်ဆင့် လူ၊ လက်နက်မှောင်ခိုမှုများကို တားဆီးနှိမ်နင်းရေး ဆောင်ရွက်ခြင်း။
၆။ အိမ်နီးချင်းနိုင်ငံများနှင့် ဆက်စပ်နေသည့် ရေပိုင်နက် ၂ ခုအကြား လုံခြုံရေးကို ပူးတွဲဆောင်ရွက်ခြင်း၊ လေ့ကျင့်ခြင်း။
၇။ ရေယာဉ် တိမ်းမှောက်မှု၊ မီးလောင်မှုနှင့်မတော်တဆမှုများအား ကယ်ဆယ်ရေး ဆောင်ရွက်ခြင်း။
၈။ ဆိပ်ကမ်းနှင့်ပင်လယ်ဝအကြား ရေလမ်းအန္တရာယ်ကင်းရှင်းအောင် လုံခြုံရေး ဆောင်ရွက်ခြင်း။
၉။ ဆိပ်ကမ်းနယ်မြေ(Port Area)အတွင်း ရာဇဝတ်မှု၊ ဒုစရိုက်မှုများ မဖြစ်ပွားရေးအတွက် ကြိုတင် ကာကွယ်မှုလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် စုံစမ်းဖော်ထုတ် အရေးယူဆောင်ရွက်ခြင်း။
၁၀။ နိုင်ငံခြားသင်္ဘောကြီးများအနီးသို့ မသင်္ကာသူများ၊ ဒုစရိုက်သမားများ ချဉ်းကပ်၍ အဖျက်အမှောင့် လုပ်ငန်း များမလုပ်နိုင်အောင် ကာကွယ်စောင့်ရှောက်ခြင်း။
၁၁။ ဆိပ်ကမ်းနှင့်မြစ်ကြောင်းအတွင်း စက်လှေ၊ စက်တပ်သမ္ဗာန်၊ လက်ခပ် သမ္ဗာန်များအပါအဝင် ရေယာဉ် အားလုံး၏ ခွင့်ပြုလိုင်စင်၊ ရေယာဉ်မှတ်ပုံတင်များနှင့် ဧည့်စာရင်းစစ်ဆေးခြင်း။