လုပ်ငန်းတာဝန်များ
၁။ ရေနံမြေဧရိယာအတွင်း ပြစ်မှုများမဖြစ်ပွားအောင် ကြိုတင် ကာကွယ်ခြင်း။
၂။ ဖြစ်ပွားသောပြစ်မှုများအား ဖမ်းဆီးဖော်ထုတ်၍ တည်ဆဲ ဥပဒေအရ ကျူးလွန်သည့် ပြစ်မှုအလျှောက် ထိရောက် သည့်ပြစ်ဒဏ် ချမှတ်နိုင်အောင် တရားစွဲဆိုတင်ပို့ခြင်း။
၃။ ရေနံနှင့်သဘာ၀ဓါတ်ငွေ့ပိုက်လိုင်းများလုံခြုံရေးအတွက် ကင်းလှည့်စောင့် ရှောက်ခြင်း။
၄။ ရေနံမြေနယ်မြေအတွင်းရေနံများခိုးတူးခြင်း၊ပိုက်လိုင်းများ ဖျက်ဆီးခြင်းစသည့် အဖျက်အမှောင့်လုပ်ငန်း များအား ကြိုတင်သတင်းရယူပြီး ဖမ်းဆီးရမိရေး ဆောင်ရွက်ခြင်း။
၅။ စွမ်းအင်အရင်းအမြစ်ရှာဖွေသူများအား ကူညီစောင့်ရှောက်ပေးခြင်း။