အရေးပေါ်ဖုန်း: 199
မြန်မာနိုင်ငံရဲတပ်ဖွဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ Myanmar Police Force

ရဲလေ့ကျင့်ရေးကျောင်းများ၏ လုပ်ငန်းတာဝန်များ

လုပ်ငန်းတာဝန်များ

၁။ ယုံကြည်ချက်၊ ခံယူချက် မှန်ကန်အောင် လေ့ကျင့် ပေးခြင်း။

၂။ နိုင်ငံတော်အစိုးရဘက်မှ ရပ်တည်ချက် ခိုင်မာအောင် လေ့ကျင့်ပေးခြင်း။

၃။ စိတ်ဓါတ်၊ စည်းကမ်း၊ ကိုယ်ကျင့်တရားကောင်းမွန်၍ အများအကျိုး သယ်ပိုးလိုစိတ်ရှိအောင် ဦးတည် လေ့ကျင့် ပေးခြင်း။

၄။ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ချမှတ်ပေးသော ရည်မှန်းချက် တာ၀န်များ ကျေပွန်စွာ ထမ်းဆောင်နိုင်ရေး လေ့ကျင့် ပေးခြင်း။

၅။ ဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များကို အဆင့်နှင့် လိုက်လျောညီထွေအောင် သိရှိလေ့လာ လိုက်နာ ဆောင်ရွက်နိုင်ရေး လေ့ကျင့်ပေးခြင်း။

၆။ ခေတ်မီနည်းပညာနှင့် အတတ်ပညာများ၊ ဗဟုသုတများကို စဉ်ဆက်မပြတ်လေ့လာလိုစိတ်ရှိအောင် ဦးတည် သင်ကြားပေးခြင်း။

၇။ စွမ်းရည်(၄)ရပ် မြင့်မားလာစေရေး ဦးတည်လေ့ကျင့်ပေးခြင်း။