အရေးပေါ်ဖုန်း: 199
မြန်မာနိုင်ငံရဲတပ်ဖွဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ Myanmar Police Force

ရဲလေ့ကျင့်ရေးဌာနကြီး၏ လုပ်ငန်းတာ၀န်များ

လုပ်ငန်းတာဝန်များ

၁။      မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ချမှတ်ပေးထားသည့် လေ့ကျင့်ရေးဆိုင်ရာ မူဝါဒများအား အကောင် အထည်ဖော် ဆောင်ရွက်ခြင်း။

၂။       မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ချမှတ်ပေးထားသည့် ရည်မှန်းချက်တာဝန်များအား အကောင် အထည်ဖော် ဆောင်ရွက်ခြင်း။

၃။      သင်ရိုးညွှန်းတမ်းများအား ခေတ်စနစ်၊ နည်းပညာတိုးတက်မှု အချိန်ကာလ အခြေအနေတို့ အတွက် စိစစ်ပြင်ဆင်ရေးဆွဲခြင်း။

၄။      နည်းပြအရည်အချင်း မြင့်မားရေးအတွက် နည်းပြလေ့ကျင့်ရေးအစီအမံများ ချမှတ် ဆောင်ရွက်ခြင်း။

၅။      သင်တန်းအမျိုးအစားအလိုက် သင်တန်းရည်ရွယ်ချက်များ အောင်မြင်အောင် ဆောင်ရွက်ခြင်း။

၆။      သင်တန်းသားများ လက်ခံနိုင်မှု စွမ်းရည်အား အကဲဖြတ်၍ စွမ်းရည်ပြည့်ဝစေရန်၊ နည်းစနစ် တီထွင်ဖော်ဆောင်ခြင်း။

၇။      စိတ်ဓာတ်စည်းကမ်းနှင့် ကိုယ်ကျင့်တရားကောင်းမွန်ပြီး အများအကျိုး သယ်ပိုးလိုသည့် အရာရှိကောင်းများ ဖြစ်လာစေရေးအတွက် စီမံကြပ်မတ်လေ့ကျင့်ဆောင်ရွက်ခြင်း။