လုပ်ငန်းတာဝန်များ
၁။ တိုင်းဒေသကြီးနှင့်ပြည်နယ်၊ ရဲစခန်းများမှ ဖမ်းဆီးရမိသော လူကုန်ကူးမှုများနှင့် ပက်သက်၍ ကွင်းဆက်များ ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခြင်း။
၂။ လူကုန်ကူးခံရသူ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ အစိုးရအဖွဲ့မဟုတ်သောအဖွဲ့အစည်းများ နှင့်ပြည်သူလူထု ထံမှလူကုန်ကူးမှုသတင်းရရှိရေးဆောင်ရွက်ခြင်းနှင့် သတင်းတည်ဆောက် စုံစမ်းဖော်ထုတ်၍ အရေးယူ ဆောင်ရွက်ခြင်း။
၃။ စီမံကိန်းဝင် အခြားနိုင်ငံများနှင့် သတင်းဖလှယ်ခြင်း၊ လိုအပ်သည့်အကူအညီများတောင်း ခံခြင်း (သို့မဟုတ်) အခြားနိုင်ငံများသို့ အကူအညီပေးခြင်းတို့ကို အထက်ဌာနများ၏ ခွင့်ပြုချက်ရယူဆောင်ရွက်ခြင်း။
၄။ နယ်စပ်ဒေသများတွင် တာဝန်ချထားသော အထူးအဖွဲ့များနှင့် သတင်းဖလှယ်ခြင်း၊ ပူးပေါင်း ဆောင်ရွက်ခြင်းတို့ကို အချိန်နှင့်တစ်ပြေးညီဆောင်ရွက်ခြင်း။
၅။ လူကုန်ကူးခံရသူများ၏ အခွင့်အရေး၊ နစ်နာဆုံးရှုံးမှုများမရှိရေးတို့အတွက် သက်ဆိုင်ရာ ဌာန၊ အဖွဲ့အစည်း များနှင့်ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ခြင်း။
၆။ လူကုန်ကူးခံရသူများကို နိုင်ငံတကာမှ ချမှတ်ထားသောစံချိန်စံညွန်းနှင့်အညီဆက်ဆံခြင်း၊ မေးမြန်းခြင်း၊ အကူအညီပေးခြင်း၊ ကာကွယ်စောင့်ရှောက်ခြင်း စသည်တို့ကို စနစ် တကျဆောင်ရွက်ခြင်း။
၇။ မြန်မာနိုင်ငံ၏ လူကုန်ကူးမှုဖြစ်စဉ်နှင့် သတင်းအချက်အလက်ဓါတ်ပုံများကို ပြည့်စုံစွာ ကွန်ပျူတာဖြင့် မှတ်တမ်းတင်ခြင်းနှင့် လိုအပ်သည့် သတင်းအချက်အလက်များ အကဲဖြတ်သုံးသပ်နိုင်ရေးအတွက် စိစစ် သုံးသပ်တင်ပြခြင်း။
၈။ လူကုန်ကူးမှုအန္တရာယ်ကို ပြည်သူလူထု ပိုမိုသိရှိနိုင်ရေးအတွက် ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ အစိုးရ မဟုတ်သောအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ လူထုပညာပေးနည်းလမ်းမျိုးစုံ အသုံးပြု၍ဆောင်ရွက်ခြင်း။