အရေးပေါ်ဖုန်း: 199
မြန်မာနိုင်ငံရဲတပ်ဖွဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ Myanmar Police Force

DNA ဌာန၏လုပ်ငန်းတာဝန်များ

လုပ်ငန်းတာဝန်များ

၁။      DNA နည်းပညာရပ်နှင့်ပတ်သက်၍ ပြည်တွင်းနှင့် နိုင်ငံတကာ DNA ဓါတ်ခွဲခန်းများမှ ကျွမ်းကျင်သူပညာရှင်များ၏ ပညာရပ်နှင့် အတွေ့အကြုံများဖလှယ်နိုင်ရေး စီမံဆောင်ရွက်ခြင်း။

၂။       အရည်အချင်းပြည့်ဝသော DNA ဓါတ်ခွဲခန်းပညာရှင်များ မွေးထုတ်ပေးခြင်း၊ လေ့ကျင့် ပေးခြင်း၊ သင်တန်းများ စေလွှတ်ခြင်း။

၃။      စစ်ဆေးပြန်ကြားချက်များ မှန်ကန်မြန်ဆန်စွာပြန်ကြားနိုင်ရေးအား စနစ်တကျရှိစေရေးအတွက် ကြီးကြပ်ကွပ်ကဲခြင်း။

၄။      DNA Database တည်ထောင်နိုင်ရေးအတွက် ပညာရှင်များ၊ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း။

၅။         DNA Database တွင် Profile များ ထည့်သွင်းပြီး လိုအပ်လာပါက နိုင်ငံတကာနှင့် DNA Profile များဖလှယ်ခြင်းနှင့် အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့သို့ ပေးပို့ခြင်းကိစ္စရပ်များအား မှုခင်းသိပ္ပံဆိုင်ရာ DNA အကြံပေးဘုတ်အဖွဲ့သို့ တင်ပြဆောင်ရွက်ခြင်း။

၆။      ဓါတ်ခွဲခန်းနှင့်ပတ်သက်၍ ISO ရရှိရေးအတွက် ပြည်တွင်း/ပြည်ပအသိပညာရှင် အတတ် ပညာရှင်များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း။

၇။      သဘာဝဘေးအန္တရာယ်များ၊ မတော်တဆမှုကြီးများနှင့်ပတ်သက်၍ DNA စစ်ဆေးရန် ရှိပါက သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခြင်း။