အရေးပေါ်ဖုန်း: 199
မြန်မာနိုင်ငံရဲတပ်ဖွဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ Myanmar Police Force

မှုခင်းနှင့်ဥပဒေရေးရာဌာနကြီး၏ လုပ်ငန်းတာဝန်များ

လုပ်ငန်းတာဝန်များ

၁။     ပြည်ထဲရေးဝန်ကြီးဌာနနှင့်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်တို့မှချမှတ်သည့် မှုခင်းဆိုင်ရာမူဝါဒများကို အကောင်အထည်ဖော်ဆောင်ရန် ကြပ်မတ်ခြင်း။

၂။      ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်နှင့် ဒုတိယရဲချုပ်များ၏ တပ်ဖွဲ့များ၊ ရုံး၊ ရဲစခန်းများ၊ သင်တန်းကျောင်းများအား စစ်ဆေးညွှန်ကြားမှု များအပေါ် လိုက်နာဆောင်ရွက်စေရန် ကြပ်မတ်ခြင်း။

၃။     လုံခြုံရေး၊ တည်ငြိမ်းအေးချမ်းရေးနှင့် မှုခင်းဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ လိုအပ်သော ဥပဒေရေးရာကိစ္စရပ်များ အကြံပြုတင်ပြခြင်း။

၄။     တပ်ဖွဲ့၊ တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှ အရေးယူဆောင်ရွက်လျက်ရှိသော မှုခင်းများနှင့် စပ်လျဉ်း၍ ကြီးကြပ်ကွပ်ကဲခြင်း။

၅။     အရေးကြီးသော မှုခင်းများ၊ နိုင်ငံတော်ကို ဆန့်ကျင်မှုများ၊ ဆူပူအကြမ်းဖက်မှုများ၊ နိုင်ငံတော်၏ မူဝါဒနှင့်ဆက်စပ်လျက်ရှိသော မှုခင်းများကို တိုက်ရိုက်ကြီးကြပ်ကွပ်ကဲခြင်း။

၆။     အရေးကြီးသောမှုခင်းများနှင့် စပ်လျဉ်း၍ တရားစီရင်ရေးဆိုင်ရာ ကိစ္စရပ်များကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ ဥပဒေရေးရာဝန်ကြီးဌာန/ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် ဆက်စပ်ဝန်ကြီး ဌာနများ၊ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများနှင့် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ခြင်း။

၇။     အကြမ်းဖက်မှုများနှင့်စပ်လျဉ်း၍ ထိရောက်စွာအရေးယူရေး၊ ငွေကြေးနှင့်ပစ္စည်း ထိန်းချုပ်ရေး ကြပ်မတ်ကွပ်ကဲခြင်း။

၈။     နိုင်ငံဖြတ်ကျော်မှုခင်းများ၊ နိုင်ငံရပ်ခြားနှင့်သက်ဆိုင်သော မှုခင်းများစပ်လျဉ်း၍ သက်ဆိုင်ရာ ဌာနကြီးများ၊ တပ်ဖွဲ့များ၊ ဆက်စပ်ဝန်ကြီးဌာနနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခြင်း။

၉။     မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ စီမံခန့်ခွဲသော ဥပဒေများ၊ နည်းဥပဒေများနှင့်စပ်လျဉ်း၍ ခေတ်စနစ်နှင့် အညီဖြစ်စေရန် ပြင်ဆင်ရန် လိုအပ်ချက်များရှိပါက သုံးသပ်တင်ပြခြင်း။

၁၀။   ပြည်ထဲရေးဝန်ကြီးဌာနနှင့် ဆက်စပ်ဝန်ကြီးဌာနများမှ ဥပဒေမူကြမ်း၊နည်းဥပဒေမူကြမ်းများ၊ အမိန့်၊ ညွှန်ကြားချက်မူကြမ်းများနှင့်စပ်လျဉ်း၍ သဘောထားမှတ်ချက် တောင်းခံလာပါက စိစစ်ဆောင်ရွက်ရခြင်း။

၁၁။    ဌာနများ၏ လုပ်ငန်းတာဝန်များကို ကြီးကြပ်ကွပ်ကဲခြင်း။