လုပ်ငန်းတာဝန်များ
၁။ နိုင်ငံတော်နှင့်နိုင်ငံသားများ၏ အကျိုးစီးပွားကာကွယ်ရေးဆိုင်ရာ အသိပညာ၊ အတတ်ပညာများ လေ့ကျင့်သင်ကြား ပေးရန်။
၂။ နိုင်ငံတော်အပေါ် ကျရောက်မည့် ဘေးအန္တရာယ်များ၊ သဘာဝဘေးအန္တရာယ်မှ ကာကွယ်ရေး ဆိုင်ရာ သဘောတရားများ သင်ကြားပို့ချရန်။
၃။ အခြေခံစစ်ပညာ၊ စစ်နည်းဗျူဟာနှင့် စစ်ရေးပြ သင်ကြားပေးရန်။
၄။ နိုင်ငံတော်ကာကွယ်ရေး၊ လုံခြုံရေးနှင့်သက်ဆိုင်သော သင်ခန်းစာများ သင်ကြားပို့ချရန်။
၅။ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တည်ဆဲဥပဒေများအရ နိုင်ငံတော်ကာကွယ်ရေး၊ လုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သက်ဆိုင်သောသဘောတရားများ၊ အသိပညာများ၊ ဗဟုသုတများ သင်ကြားပေးရန်။
၆။ ယဉ်ကျေးမှုအမွေအနှစ်များ၊ အမျိုးသားအကျိုးစီးပွားသတင်းအချက်အလက်၊ သဘာဝ ပတ်ဝန်းကျင်မူပိုင်ခွင့်၊ မူလဖြစ်တည်မှုများ မဆုံးရှုံးစေရေးကာကွယ်ရန် လိုအပ်သော သင်ခန်းစာများပို့ချရန်။
၇။ ပညာဌာနမှ လေ့ကျင့်သင်ကြားပေးသည့် ဘာသာရပ်များအတွက် ဆက်စပ်ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းရန်နှင့် ထိရောက်အောင်မြင်မှုရှိသော သင်ကြားမှု ဖြစ်စေရေး လိုအပ်သော ဆက်သွယ်ဆောင်ရွက်မှုများ ပြုလုပ်ရန်။
၈။ သဘာဝဘေးနှင့် အခြားဘေးအန္တရာယ်များကျရောက်လာပါက ကူညီကယ်ဆယ်ရေး၊ ကာကွယ်ရေးဆိုင်ရာ အခြေခံ သဘောတရားများ တတ်မြောက်အောင် လေ့ကျင့်ပေးရန်။
၉။ နိုင်ငံ့ဝန်ထမ်းလေ့ကျင့်ရေးမူဝါဒများ အကောင်အထည်ဖော်ရာတွင် အထောက်အပံ့ ဖြစ်စေသော လေ့ကျင့် သင်ကြားမှုများ ပါဝင်ဆောင်ရွက်ရန်။