အရေးပေါ်ဖုန်း: 199
မြန်မာနိုင်ငံရဲတပ်ဖွဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ Myanmar Police Force

ဂိုခန့်မုန်

အမည် ဂိုခန့်မုန်
အခြားအမည် ပိုမုန်
အသက် ၅၉/2023 နှစ်ခန့်
မိဘအမည် ဦးထန်ခန့်ကျင်
လူမျိုး/ဘာသာ ချင်း/ခရစ်ယာန်
မှတ်ပုံတင်အမှတ် -
အလုပ်အကိုင် -
နေရပ်လိပ်စာ မြို့သစ်(၁)လမ်း၊ ချမ်းမြသာစည်၊ မန္တလေး။
ကိုယ်ပုံသဏ္ဍာန်
အရပ် 5 ပေ ၆ လက်မ၊ ဆံပင်နက်/တို၊ နဖူးကျယ်၊ မျက်ခုံးသင့်၊ မျက်လုံးညို၊ နှာခေါင်းကြီး၊ ပါးစပ်သင့်၊ နားရွက်ရှည်/ကပ်၊ မျက်နှာရှည်၊ အသားလတ်။
အမှုအကျဉ်း
အမှုမှာ ၂၃-၈-၂၀၂၀ ရက် ၀၆၃၀ အချိန် အမှတ်(၇)မူးယစ်တပ်ဖွဲ့စု၊ တမူးမှ ရဲအုပ် လင်းလင်းဦး နှင့် အဖွဲ့သည် ကလေးဘက်မှ တမူးဘက်သို့မောင်းနှင်လာသည့် YGN-8E/5213 အဖြူရောင်လိုက်ထရပ်ယာဉ် အား ရှာဖွေစစ်ဆေးရာ 88/1 စာတမ်းပါ ပန်းရောင်စိတ်ကြွဆေးပြား ၁၀၀၃၂၀၀ ပြားနှင့် ဘိန်းဖြူမှုန့် ၃.၃ ကီလိုဂရမ်ခန့် ရှာဖွေတွေ့ရှိသိမ်းဆည်းရမိသဖြင့် သယ်ဆောင်လာသူ ယာဉ်မောင်း ဆန်းဌေးလင်း၊ အတူ လိုက်ပါလာသူ ကပ်လျန်ပေါင်၊ ကွင်းဆက်တရားခံ လွယ်ဝေး နှင့် တိမ်းရှောင်နေသူ ဂိုခန့်မုန်(ခ)ပိုမုန် တို့အား ဥပဒေအရအရေးယူပေးရန် ရဲအုပ် လင်းလင်းဦး မှ တရားလိုပြုလုပ်တိုင်တန်းခဲ့ရာ တမူးမြို့နယ်၊ ခမ်းပါတ် နယ်မြေရဲစခန်း၊ မယ(ပ)၂၆/၂၀၂၀၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၁ အရ အမှုဖွင့် အရေးယူဆောင်ရွက်ထားရှိပါ သည်။ အမှုမှ တရားခံ ဂိုခန့်မုန်(ခ)ပိုမုန် အား အမှုစစ် ရဲအုပ် တင်သိန်း မှ မူး/စိတ်ပုဒ်မ ၁၉(က)/၂၁/ကျင့် ၅၁၂ အရ တမူးခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ ရာဇဝတ်အထွေထွေမှုအမှတ် ၇/၂၀၂၀ ဖြင့် လက်ခံ စစ်ဆေး၍ ၂၄-၁-၂၀၂၂ ရက်တွင် တရားခံ ဂိုခန့်မုန်(ခ)ပိုမုန် အား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၈၇/၈၈ ထုတ်ဆင့်အတည်ပြုပြီး တရားခံပြေးအဖြစ် ကြော်ငြာထားသော အမှုဖြစ်ပါသည်။
တရားခံပြေးသွားလာတတ်သောနေရာများ
၁။ မနူဆန်း၊ (ဘ)ဦးထွာဒိုပေါင်၊ မြို့သစ်(၁)လမ်း၊ ချမ်းမြသာစည်၊ မန္တလေး။ (ဇနီး)
သတင်းအချက်အလက် ရှိပါသလား? ☎ 199