အရေးပေါ်ဖုန်း: 199
မြန်မာနိုင်ငံရဲတပ်ဖွဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ Myanmar Police Force

မင်းလတ်

အမည် မင်းလတ်
အခြားအမည် -
အသက် ၃၇/2023 နှစ်
မိဘအမည် ဦးမောင်ထွန်း+ဒေါ်ခင်သိန်း
လူမျိုး/ဘာသာ ဗမာ/ဗုဒ္ဓ
မှတ်ပုံတင်အမှတ် -
အလုပ်အကိုင် ကျပန်း
နေရပ်လိပ်စာ စခန်းသစ်ရွာ၊ ကံမော်၊ ကျွန်းစုမြို့နယ်။
ကိုယ်ပုံသဏ္ဍာန်
အရပ် 5 ပေ ၁ လက်မ၊ ဆံပင်နက်/တို၊ နဖူးကျယ်၊ မျက်ခုံးပါး၊ မျက်လုံးနက်၊ နှာတံပေါ်၊ ပါးစပ်သင့်၊ နားရွက်သေး/ကပ်၊ မျက်နှာဝိုင်း၊ အသားမဲ၊ ဝဲရင်ဘတ်မှဲ့ရှိ။
အမှုအကျဉ်း
အမှုမှာ ၁၉-၆-၂၀၂၁ ရက် ၂၂၀၀ အချိန် တရားလိုသည် လက်ဖက်ရည်ဆိုင်အားပိတ်၍ ဇနီးဖြစ်သူနှင့် အတူ နေအိမ်ဈေးဆိုင်အောက်ထပ်ရှိ ကောင်တာစားပွဲခြေရင်း၌အိပ်၍ အလုပ်သမား ၃ ဦးမှာ နေအိမ်အပေါ် ထပ်၌ ညအိပ်ခဲ့ကြပြီး ၂၀-၆-၂၀၂၁ ရက် ၀၄၀၀ အချိန် အိပ်ယာမှထစဉ် ကောင်တာစားပွဲအံဆွဲအတွင်း သော့ ခတ်သိမ်းဆည်းထားသော ငွေ(၁၂)သိန်းကျပ်မှာ ပျောက်ဆုံးနေကြောင်းတွေ့ရှိ၍ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမျိုးငယ် အား အကြောင်းကြားပြီး ဦးမျိုးငယ် မှ နာမည်ပျက်ရှိသူ စိုးဦး အား ခေါ်ယူစစ်မေးရာ စိုးဦး မှာ တစ်ရွာတည်းနေ မင်းလတ် နှင့်အတူ ငွေများအားခိုးယူခဲ့ကြောင်း ပြောပြသိရှိရသဖြင့် ၎င်းတို့ ၂ ဦးအား ကျွန်းစုမြို့နယ်၊ ကံမော်နယ်မြေရဲစခန်း၊ (ပ)၁၇/၂၀၂၁၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀/၁၁၄ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်ထားရှိပါသည်။ အမှုမှ တရားခံ မင်းလတ် အား အမှုစစ် ဒုရဲအုပ် ခင်မောင်လွင် မှ ရာဇသတ်ကြီး ပုဒ်မ ၃၈၀/၁၁၄/ကျင့် ၅၁၂ အရ ကျွန်းစုမြို့နယ်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ ရာဇဝတ်အထွေထွေမှုအမှတ် ၃၀/202၂ ဖြင့် လက်ခံစစ်ဆေး၍ ၂၂-၈-၂၀၂၂ ရက်တွင် တရားခံ မင်းလတ် အား ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၈၇/၈၈ ထုတ်ဆင့်အတည်ပြုပြီး တရားခံပြေးအဖြစ် ကြော်ငြာထားသော အမှုဖြစ်ပါသည်။
တရားခံပြေးသွားလာတတ်သောနေရာများ
၁။ ဦးမောင်ထွန်း၊ (ဘ)ဦးစိန်ရှိန်၊ စခန်းသစ်ရွာ၊ ကျွန်းစုမြို့နယ်။ (ဖခင်)
သတင်းအချက်အလက် ရှိပါသလား? ☎ 199