အရေးပေါ်ဖုန်း: 199
မြန်မာနိုင်ငံရဲတပ်ဖွဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ Myanmar Police Force

(စုံစမ်းဆဲ)

(စ) အမျိုးအမည်မသိသောလူသေအလောင်းများ
ကိုယ်ရေးအချက်အလက်များ
အမည် - (စုံစမ်းဆဲ)
အသက် - ၄၅နှစ်ခန့်
လူမျိုး/ဘာသာ - စုံစမ်းဆဲ
အလောင်းတွေ့သည့်ရက်/အချိန် - ၁၃-၃-၂၀၂၀ ရက်နေ့ (၁၁၃၀) အချိန်
အလောင်းတွေ့သည့်နေရာ - ပန်းလှိုင်(၂၇)လမ်းထိပ်၊တာတောင်လမ်းအောက်ဘက်၊ ပဲခူးမြစ်ကမ်းဘေးကိုင်းတောထဲတွင်။
အလောင်းတွေ့ရှိအနေအထား - မှောက်လျက်အနေအထား
အလောင်းကိုယ်ပေါ်ရှိအဝတ်အစားများ - အဖြူအပွင့်ရိုက် အင်္ကျီလက်ရှည်နှင့် အနက်ရောင်ပုဆိုး။
သေဆုံးပုံအကြောင်းရင်း - စုံစမ်းဆဲ
အလောင်းကိုယ်ပုံသဏ္ဍာန် - အရပ် ၅ ပေ ၆ လက်မခန့်၊ဆံပင်အနည်းငယ်ဖြူ/ကောက် /တို၊ နဖူးသင့်၊ မျက်ခုံးသင့်၊ နှာတံပေါ်/ပွ၊ နှုတ်ခမ်းထူ၊ နားရွက်သင့်၊ အသားလတ်။
ထင်ရှားသောအမှတ်အသားများ - မရှိ
သေမှုသေခင်းအမှတ်စဉ် - ပဲခူးမြို့မရဲစခန်း၊ သေမှုသေခင်းအမှတ်စဉ် (၅/၂၀၂၀)
အမှုဖွင့်ရက်စွဲ - ၁၀-၃-၂၀၂၀
အမှုအကျဉ်းချုပ် - အမှုမှာ ၁၀-၃-၂၀၂၀ ရက်နေ့ ၁၁၃၀ အချိန်ခန့်တွင် ပဲခူးမြို့၊ ပန်းလှိုင်(၂၇)လမ်းထိပ်၊ တာတောင်လမ်း အောက်ဘက်၊ ပဲခူးမြစ်ကမ်းဘေး ကိုင်းတောထဲတွင် အမည်မသိအမျိုးသားတစ်ဦး သေဆုံးနေကြောင်း သတင်းအရ ပဲခူးမြို့မရဲစခန်းမှူး ဒုရဲမှူး နိုင်စိုး ဦးဆောင် သောအဖွဲ့မှ သက်သေများနှင့်အတူ သွားရောက်စစ် ဆေးရာ ကိုင်းတောအတွင်း မြေကွက်လပ်တွင် အမည်မသိ အမျိုးသားလူသေအလောင်းအား မှောက် လျက်အနေ အထားဖြင့်တွေ့ရှိသဖြင့် ပဲခူးမြို့မရဲစခန်း၊ သေမှုသေခင်းအမှတ်စဉ် (၅/၂၀၂၀)ဖြင့် အမှုဖွင့် စုံစမ်း စစ်ဆေး လျက်ရှိသောအမှု ဖြစ်ပါသည်။
သတင်းအချက်အလက် ရှိပါသလား? ☎ 199