အရေးပေါ်ဖုန်း: 199
မြန်မာနိုင်ငံရဲတပ်ဖွဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ Myanmar Police Force
လူကုန်ကူးမှုသတင်းများ

လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်

လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သည် ပြည်သူများ လူကုန်ကူးမှု အန္တရာယ်မှကင်းဝေးစေရန်အတွက် စဉ်ဆက်မပ

လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်

21-5-2015-2

မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သည် ပြည်သူများ လူကုန်ကူးမှု အန္တရာယ်မှကင်းဝေးစေရန်အတွက် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ပြည်သူများအား လူကုန်ကူးမှုနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်များ၊ ပြောင်းလဲဖြစ်ပေါ်နေသည့် လူကုန်ကူးမှု ဖြစ်စဉ်များကို သိရှိစေရန် အသိပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်လျက် ရှိရာ ၂ဝ၁၅ ခုနှစ်၊ မေလ ၂၀ ရက်နေ့ နံနက် ၁၀ နာရီမှ ၁၁ နာရီခွဲအချိန်ထိ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် လူကုန်ကူးမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲတွင် အမှတ်(၁)လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့စု(နေပြည်တော်)မှ ဒုတိယရဲမှူး မင်းနိုင် က ရွှေ့ပြောင်းသွားလာ လုပ်ကိုင်ရာတွင် ကြုံတွေ့နိုင်သည့် အခက်အခဲများ၊  လူကုန်ကူးခံရနိုင်သည့်အခြေအနေများ၊ သိသင့်သိထိုက်သည့် အချက်များ၊ လူကုန်ကူးမှု၏ သမိုင်းကြောင်း၊ မြန်မာနိုင်ငံတွင် ကြုံတွေ့ရင်ဆိုင်နေရသော လူကုန်ကူးမှုပြဿနာများ၊ မြန်မာနိုင်ငံ၏ လူကုန်ကူမှုတားဆီးကာကွယ်ရေး ဆောင်ရွက်ချက်များ၊ လူကုန်ကူးမှုနှင့် လူမှောင်ခိုမှုတို့၏ ကွဲပြားမှုနှင့် အင်္ဂါရပ်များ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေနှင့်ပြစ်ဒဏ်များ၊ ရပ်ကွက်/ကျေးရွာ လူကုန်ကူးမှုဆိုင်ရာ စောင့်ကြည့်အဖွဲ့များ၏ ဖွဲ့စည်းပုံနှင့် လုပ်ငန်းတာဝန်များ၊  လူကုန်ကူးမှုဖြစ်စဉ်များ၊ လူကုန်ကူးသူများ အသုံးပြုသောနည်းလမ်းများ အကြောင်းတို့ကို အသိပညာပေးဟောပြောခဲ့ပြီး ဟောပြောပွဲသို့ တက်ရောက်လာသည့် မြို့နယ် အတွင်းရှိ လူကုန်ကူးမှုဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့များမှ ကျား(၆၀)ဦး၊ မ(၄၀)ဦး၊ စုစုပေါင်း (၁ဝဝ)ဦးတို့အား ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိသည်။