အရေးပေါ်ဖုန်း: 199
မြန်မာနိုင်ငံရဲတပ်ဖွဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ Myanmar Police Force
လူကုန်ကူးမှုသတင်းများ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ သင်္ဘောကွေ့ကျေးရွာအနောက်ဘက်ပင်လယ်ပြင် မြန်မာ့ရေပိုင်နက် အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ဘင်္ဂါလီလူမျိုးများတင်ဆောင်လာသည့် စက်လှေ(၂)စီး တွေ့ရှိ ကယ်ဆယ်ခဲ့သည့်ဖြစ်စဉ်မှ လူမှောင်ခိုတရားခံ ထိုင်းနိုင်ငံသား စက်လှေပိုင်ရှင်အား ဖမ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ သင်္ဘောကွေ့ကျေးရွာအနောက်ဘက်ပင်လယ်ပြင် မြန်မာ့ရေပိုင်နက် အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ဘင်္ဂါလီလူမျိုးများတင်ဆောင်လာသည့် စက်လှေ(၂)စီး တွေ့ရှိ ကယ်ဆယ်ခဲ့သည့်ဖြစ်စဉ်မှ လ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ သင်္ဘောကွေ့ကျေးရွာအနောက်ဘက်ပင်လယ်ပြင် မြန်မာ့ရေပိုင်နက် အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ဘင်္ဂါလီလူမျိုးများတင်ဆောင်လာသည့် စက်လှေ(၂)စီး တွေ့ရှိ ကယ်ဆယ်ခဲ့သည့်ဖြစ်စဉ်မှ လူမှောင်ခိုတရားခံ ထိုင်းနိုင်ငံသား စက်လှေပိုင်ရှင်အား ဖမ်းဆီးရမိ

29.5.2015w7

၂၀၁၅ ခုနှစ်၊ မေလ(၂၁)ရက်နေ့ ညနေ ၃ နာရီခွဲအချိန် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ သင်္ဘောကွေ့ကျေးရွာအနောက်ဘက်ပင်လယ်ပြင် မြန်မာ့ရေပိုင်နက်အတွင်း ဘင်္ဂါလီလူမျိုး(၂၀၈)ဦးပါ တန်ကေးစက်လှေ(၁)စီးနှင့် လူမပါစက်လှေ(၁)စီး၊ ပေါင်း လူမှောင်ခိုစက်လှေ(၂)စီးအား တပ်မတော် စစ်ရေယာဉ်မှတွေ့ရှိသဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာ စက်လှေ(၂)စီးပေါ်တွင်ပါရှိသည့် စက်လှေလုပ်သား(၁၇)ဦး၊ စကားပြန်(၃)ဦးတို့အား စစ်ဆေးချက်အရ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ဘင်္ဂါလီ လူမျိုးများတင်ဆောင်ထားသည့် စက်လှေပိုင်ရှင်မှာ ထိုင်းနိုင်ငံသား အမှတ်(၂၄၆)၊ မိုဆောင်လမ်း၊ ဘနွန်းရပ်ကွက်၊ ရနောင်းမြို့၊ ထိုင်းနိုင်ငံတွင်နေထိုင်သူ အုမင့်(ခ)ဖိမင့်(ခ) စိုးဝင်း(ခ) နိုင်နုတ်ဖထွန်စံတွန် ဖြစ်ကြောင်း၊ ၎င်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ လူမှောင်ခိုလုပ်သူများနှင့် ချိတ်ဆက်၍ ထိုင်းနိုင်ငံနှင့်မလေးရှားနိုင်ငံများသို့ လူမှောင်ခိုပို့ဆောင်နေသူဖြစ်ကြောင်း၊ ယင်းဖြစ်စဉ်ဖြစ်ပွားပြီးနောက်ပိုင်း မြန်မာနိုင်ငံအတွင်းသို့ ထွက်ပြေး တိမ်းရှောင်သွားနိုင်ကြောင်း ဖော်ထုတ်ရရှိခဲ့ပါသည်။
    အဆိုပါတရားခံအား ဖမ်းဆီးရမိရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များသည် ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့နှင့်ချိတ်ဆက်၍  စဉ်ဆက်မပြတ်သတင်းဖော်ထုတ်ခဲ့ရာ သတင်းဆက် ဆက်စပ်ဖော်ထုတ်ချက်အရ မေလ(၂၉)ရက်နေ့  မနက် ၁၁ နာရီခွဲခန့်တွင် မင်္ဂလာဒုံမြို့နယ်၊ လေးထောင့်ကန်ရပ်ကွက်၊ လေးထောင့်ကန်လမ်းဆုံရှိ မဟာနွယ် လက်ဖက်ရည်ဆိုင်တွင် လူမှောင်ခိုတရားခံ အုမင့်(ခ) ဖိမင့်(ခ) စိုးဝင်း(ခ) နိုင်နုတ်ဖထွန်စံတွန် (၅၃)နှစ်အားဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိပြီး လူမှောင်ခိုဖြစ်စဉ်ကွင်းဆက်တရားခံများ ဖမ်းဆီးရမိရေး အတွက် သတင်းဆက်စစ်ဆေးဖော်ထုတ် ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။