အရေးပေါ်ဖုန်း: 199
မြန်မာနိုင်ငံရဲတပ်ဖွဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ Myanmar Police Force
လူကုန်ကူးမှုသတင်းများ

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သည် ပြည်သူများ လူကုန်ကူးမှ

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်

26.6.2015w5

မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သည် ပြည်သူများ လူကုန်ကူးမှု အန္တရာယ်မှ ကင်းဝေးစေရန်အတွက် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ပြည်သူများ အား လူကုန်ကူးမှုနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်များ၊ ပြောင်းလဲဖြစ်ပေါ်နေသည့် လူကုန်ကူးမှုဖြစ်စဉ်များကို သိရှိစေရန် အသိပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက် လျက်ရှိရာ ၂၀၁၅ ခုနှစ်၊ ဇွန်လ ၂၃ ရက်နေ့ နံနက် ၉ နာရီမှ ၁၁ နာရီ ၃၀ မိနစ်အချိန်ထိ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်ရှိ ပင်လုံခန်းမတွင် အလုပ်သမားညွှန်ကြားမှုဦးစီးဌာနမှ ဦးစီးဖွင့်လှစ်သော ပြည်ပသို့ မထွက်ခွာမီ လုပ်ငန်းခွင်အကြိုသင်တန်းအမှတ်စဉ်(၃၅/၂၀၁၅)သင်တန်း၌ ကျင်းပပြုလုပ်သည့် လူကုန်ကူးမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲတွင် အမှတ်(၆) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု(ရန်ကုန်)မှ ရဲအုပ်ကျော်သူအောင် က လူကုန်ကူးမှု/လူမှောင်ခိုမှုဆိုင်ရာအကြောင်းအရာများ၊ ရွှေ့ပြောင်းသွားလာလုပ်ကိုင်ခြင်းနှင့် ပတ်သက်၍ တွေ့ကြုံနိုင်သည့်အခက်အခဲများ၊ တရားမဝင် ရွှေ့ပြောင်းသွားလာမှုကြောင့်ဖြစ်ပေါ်လာသည့် လူကုန်ကူးမှုအန္တရာယ်နှင့် ဆိုးကျိုးများအကြောင်း၊ မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသည့် လူကုန်ကူးမှု ပုံစံများ၊ လူကုန်ကူးမှု ဖြစ်စဉ်များ၊ လူကုန်ကူးသူများ အသုံးပြုသည့်နည်းလမ်းများအကြောင်းတို့ကို အသိပညာပေးဟောပြောခဲ့ပြီး ဟောပြောပွဲသို့တက်ရောက် လာသည့် သင်တန်းသား/သူ(၁၅၁) ဦးတို့အား ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိသည်။