ချမ်းမြသာစည်မြို့နယ်၊ အမှတ်(၃၁)အခြေခံပညာအထက်တန်းကျောင်း၌ လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သည် ပြည်
ချမ်းမြသာစည်မြို့နယ်၊ အမှတ်(၃၁)အခြေခံပညာအထက်တန်းကျောင်း၌ လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်

မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သည် ပြည်သူများ လူကုန်ကူးမှု အန္တရာယ်မှ ကင်းဝေးစေရန်အတွက် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ပြည်သူများအား လူကုန်ကူးမှုနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်များ၊ ပြောင်းလဲဖြစ်ပေါ်နေသည့် လူကုန်ကူးမှုဖြစ်စဉ် များကို သိရှိစေရန် အသိပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်လျက်ရှိရာ ၂၀၁၅ ခုနှစ်၊ ဇွန်လ ၂၃ ရက်နေ့ နံနက် ၁၀ နာရီမှ ၁၁ နာရီ ၃၀ မိနစ်အချိန်ထိ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ အမှတ်(၃၁)အခြေခံပညာ အထက်တန်း ကျောင်း၌ ကျင်းပပြုလုပ်သည့် လူကုန် ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးမှူး ဒေါ်စံပယ်က လူကုန်ကူးမှုနှင့် ပတ်သက်၍ သိကောင်းစရာများ၊ ကလေးသူငယ် တပ်ဖွဲ့စုမှ ရဲမှူးနှင်းအေးက သက်ငယ်မုဒိမ်းနှင့် ပတ်သက်၍ သိကောင်းစရာများ၊ အမှတ်(၁၁) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု (မန္တလေး)မှ ရဲအုပ် မြင့်သိန်းက လူကုန်ကူးမှုဖြစ်ပေါ်လာပုံ နောက်ခံသမိုင်းကြောင်း၊ လူကုန်ကူးမှုနှင့်လူမှောင်ခိုမှုကွဲပြားခြားနားပုံ၊ ရွှေ့ပြောင်းသွားလာလုပ်ကိုင်ခြင်းကြောင့် ကြုံတွေ့နိုင်သည့် အခက်အခဲများ၊ ရွှေ့ပြောင်းသွားလာလုပ်ကိုင်ရာမှ လူကုန်ကူးခံရနိုင်ဖွယ်အခြေ အနေများအကြောင်းတို့ကို အသိပညာပေးဟောပြောခဲ့ပြီး ဟောပြောပွဲသို့တက်ရောက်လာသည့် ဆရာမများ၊ ကျောင်းသူများ၊ စုစုပေါင်း(၆၁၂)ဦးတို့အား ပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိသည်။