အရေးပေါ်ဖုန်း: 199
မြန်မာနိုင်ငံရဲတပ်ဖွဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ Myanmar Police Force
လူကုန်ကူးမှုသတင်းများ

အုတ်ဖိုမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်

အုတ်ဖိုမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်   မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သည် ပြည်သူများ

အုတ်ဖိုမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်

w-9

 

မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သည် ပြည်သူများ လူကုန်ကူးမှု အန္တရာယ်မှ ကင်းဝေးစေရန်အတွက် စဉ်ဆက်မပြတ်ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ပြည်သူများအား လူကုန်ကူးမှုနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်များ၊ ပြောင်းလဲဖြစ်ပေါ်နေသည့် လူကုန်ကူးမှုဖြစ်စဉ် များကို သိရှိစေရန် အသိပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ ဆောင်ရွက်လျက်ရှိရာ ၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၁၂ ရက်နေ့ နံနက် ၉ နာရီမှ ၁၁ နာရီအချိန်ထိ ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည့် လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲများတွင် အမှတ်(၃)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု(ပဲခူး)မှ ရဲအုပ် လှဇော်ဝင်း က ရွှေ့ပြောင်းသွားလာလုပ်ကိုင်ခြင်းနှင့် ကြုံတွေ့နိုင်သည့် အခက်အခဲများ၊ ဆောင်ရန်/ရှောင်ရန်အချက်များ၊ ကြိုတင်ပြင်ဆင်ထားသင့်သည့်အချက်များ၊ ရွှေ့ပြောင်း သွားလာလုပ်ကိုင်ရာမှ လူကုန်ကူးခံရနိုင်ဖွယ်အခြေအနေများ၊ လူကုန်ကူးမှုနှင့်လူမှောင်ခိုမှု ကွဲပြား ခြားနားပုံ၊ လူကုန်ကူးမှုဖြစ်ပေါ်လာပုံနောက်ခံသမိုင်းကြောင်း၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေနှင့်ပြစ်ဒဏ်များ၊ မြန်မာနိုင်ငံတွင်ဖြစ်ပွားလျက်ရှိသည့် လူကုန်ကူးမှုဖြစ်စဉ်များနှင့် လူကုန် ကူးသူများအသုံးပြုလေ့ရှိသည့် နည်းလမ်းများအကြောင်းတို့ကို အသိပညာပေးဟောပြောခဲ့ပြီး ဟောပြောပွဲသို့ တက်ရောက်လာသည့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ စုစုပေါင်း(၄၃၀)ဦး တို့အား ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိသည်။