အရေးပေါ်ဖုန်း: 199
မြန်မာနိုင်ငံရဲတပ်ဖွဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ Myanmar Police Force
လူကုန်ကူးမှုသတင်းများ

လွယ်ဂျယ်မြို့နယ်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်

လွယ်ဂျယ်မြို့နယ်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သည် ပြည်သူများ လူကုန်ကူးမှု အန္တရာယ်မှ ကင်းဝ

လွယ်ဂျယ်မြို့နယ်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်

website 3

မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သည် ပြည်သူများ လူကုန်ကူးမှု အန္တရာယ်မှ ကင်းဝေးစေရန်အတွက် စဉ်ဆက်မပြတ်ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ပြည်သူများအား လူကုန်ကူးမှုနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်များ၊ ပြောင်းလဲဖြစ်ပေါ်နေသည့် လူကုန်ကူးမှုဖြစ်စဉ် များကို သိရှိစေရန် အသိပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ ဆောင်ရွက်လျက်ရှိရာ ၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၁၆ ရက်နေ့ နေ့လယ် ၂ နာရီမှ ၂ နာရီ ၄၅ မိနစ်အချိန်ထိ ကချင်ပြည်နယ်၊ လွယ်ဂျယ်မြို့နယ်၊ ဆိုင်းဂျာကျေးရွာရှိ နှစ်ခြင်းခရစ်ယာန်ကျောင်း၌ ကျင်းပပြုလုပ်သည့် လူကုန်ကူးမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲတွင် အမှတ်(၁၂)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု(မြစ်ကြီးနား)၏ ကွပ်ကဲမှူအောက်ရှိ အမှတ်(၂)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စိတ် (လွယ်ဂျယ်)မှ တပ်ဖွဲ့စိတ်မှူး ဒုတိယရဲမှူး အောင်လွင် က ရွှေ့ပြောင်းသွားလာလုပ်ကိုင်ခြင်းနှင့် ကြုံတွေ့နိုင်သည့်အခက်အခဲများ၊ ရွှေ့ပြောင်းသွားလာလုပ်ကိုင်ရာမှ လူကုန်ကူးခံရနိုင်ဖွယ်အခြေ အနေများ၊ လူကုန်ကူးမှု/လူမှောင်ခိုမှု အကြောင်းအရာများ၊  မြန်မာနိုင်ငံ၏ လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဆောင်ရွက်ချက်များ၊ မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသည့် လူကုန်ကူးမှုပုံစံများ၊ လူကုန် ကူးမှုပုံစံအမျိုးမျိုးနှင့် လူကုန်ကူးမှုဖြစ်စဉ်များ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေနှင့် ပြစ်ဒဏ် များအကြောင်းတို့ကို အသိပညာပေးဟောပြောခဲ့ပြီး ဟောပြောပွဲသို့ တက်ရောက်လာသည့် ကျေးရွာနေ ပြည်သူ(၆၀)ဦးတို့အား ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိသည်။