အရေးပေါ်ဖုန်း: 199
မြန်မာနိုင်ငံရဲတပ်ဖွဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ Myanmar Police Force
လူကုန်ကူးမှုသတင်းများ

ကျိုင်းတုံမြို့၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

ကျိုင်းတုံမြို့၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သည် ပြည်သူ

ကျိုင်းတုံမြို့၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

19.2.2016w-5

မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သည် ပြည်သူများ လူကုန်ကူးခံရမှု အန္တရာယ်မှ ကင်းဝေးစေရန်အတွက် စဉ်ဆက်မပြတ်ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ပြည်သူများအား လူကုန်ကူးမှုနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်များ၊ ပြောင်းလဲဖြစ်ပေါ်နေသည့် လူကုန်ကူးမှုဖြစ်စဉ် များကို သိရှိစေရန် အသိပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ နံနက် ၁၀ နာရီမှ ၁၁ နာရီ ၃၀ မိနစ်အချိန်ထိ ရှမ်းပြည်နယ်၊ ကျိင်းတုံမြို့၊ အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၊ သင်တန်းခန်းမ၌ ကျင်းပပြုလုပ်သည့် လူကုန် ကူးမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲတွင် အမှတ်(၁၈)လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့စု(ကျိုင်းတုံ)မှ ရဲအုပ် အောင်ကျော်ဇင် က လူကုန်ကူးမှု/လူမှောင်ခိုမှု ဆိုင်ရာ အကြောင်းအရာများ၊ မြန်မာနိုင်ငံ၏ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆောင်ရွက်ချက်များ၊ လူကုန်ကူးမှု ပုံစံအမျိုးမျိုးနှင့် လူကုန်ကူးမှုဖြစ်စဉ်များ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေနှင့်ပြစ်ဒဏ်များ၊ ရွှေ့ပြောင်းသွားလာလုပ်ကိုင်းခြင်းကြောင့် တွေ့ကြုံနိုင်သည့်အခက်အခဲများ၊ ပြည်ပအလုပ်အကိုင်ဆိုင်ရာ သိကောင်းစရာများ၊ လုံခြုံသောရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာများအကြောင်းတို့ကို အသိပညာပေး ဟောပြောခဲ့ပြီး ဟောပြောပွဲသို့တက်ရောက်လာသည့် အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းမှ သင်တန်းဆရာမများနှင့်သင်တန်းသူများ စုစုပေါင်း(၄၆)ဦးတို့အား ပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိသည်။