အရေးပေါ်ဖုန်း: 199
မြန်မာနိုင်ငံရဲတပ်ဖွဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ Myanmar Police Force
လူကုန်ကူးမှုသတင်းများ

လောက်ကိုင်မြို့တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်

လောက်ကိုင်မြို့တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သည် ပြည်သူများ လူကုန်ကူးခံရမှု အန္တရာယ်မှ ကင်းဝ

လောက်ကိုင်မြို့တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်

မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သည် ပြည်သူများ လူကုန်ကူးခံရမှု အန္တရာယ်မှ ကင်းဝေးစေရန်အတွက် စဉ်ဆက်မပြတ်ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ပြည်သူများအား လူကုန်ကူးမှုနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်များ၊ ပြောင်းလဲဖြစ်ပေါ်နေသည့် လူကုန်ကူးမှုဖြစ်စဉ် များကို သိရှိစေရန် အသိပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်မှ မွန်းတည့် ၁၂ နာရီအချိန်ထိ ရှမ်းပြည်နယ်၊ လောက်ကိုင်မြို့၊ တုံချိန်(၁)ရပ်ကွက်ရှိ ကချင်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်း၌ ကျင်းပပြုလုပ်သည့် လူကုန်ကူးမှု တားဆီးကာကွယ်ရေးဆိုင်ရာအသိပညာပေး ဟောပြောပွဲတွင် အမှတ်(၁၇)လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့စု(မူဆယ်)၏ ကွပ်ကဲမှုအောက်ရှိ အမှတ်(၁)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ်(လောက်ကိုင်)မှ ဒုတိယရဲအုပ် လွှမ်းမိုးထွန်း က ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ သိမှတ်ဖွယ်ရာများ၊ မြန်မာနိုင်ငံတွင် ရင်ဆိုင်ကြုံတွေ့နေရသော လူကုန်ကူးမှုပြဿနာများ၊ မြန်မာ နိုင်ငံ၏ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆောင်ရွက်ချက်များ၊ လူကုန်ကူးမှုနှင့် လူမှောင်ခိုမှုတို့၏ ကွဲပြားမှုနှင့်အင်္ဂါရပ်များ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေနှင့် ပြစ်ဒဏ်များ၊ ရွှေ့ပြောင်း သွားလာလုပ်ကိုင်ခြင်းကြောင့် တွေ့ကြုံနိုင်သည့်အခက်အခဲများ၊ လူကုန်ကူးမှုဖြစ်စဉ်များအကြောင်း တို့ကို အသိပညာပေးဟောပြောခဲ့ပြီး ဟောပြောပွဲသို့ တက်ရောက်လာသည့် ရပ်ကွက်နေပြည်သူ (၃၁)ဦးအား အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိသည်။