အရေးပေါ်ဖုန်း: 199
မြန်မာနိုင်ငံရဲတပ်ဖွဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ Myanmar Police Force
လူကုန်ကူးမှုသတင်းများ

လူကုန်ကူးမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်

လူကုန်ကူးမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သည် ပြည်သူများ လူကုန်ကူးခံရမှု အန္တရာယ်မှ ကင်းဝေးစေရန်အတွက် စဉ်ဆ

လူကုန်ကူးမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်

31.3.20162

မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သည် ပြည်သူများ လူကုန်ကူးခံရမှု အန္တရာယ်မှ ကင်းဝေးစေရန်အတွက် စဉ်ဆက်မပြတ်ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ပြည်သူများအား လူကုန်ကူးမှုနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်များ၊ ပြောင်းလဲဖြစ်ပေါ်နေသည့် လူကုန်ကူးမှု ဖြစ်စဉ်များကို သိရှိစေရန် အသိပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိရာ အမှတ်(၆)လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(ရန်ကုန်)သည် အလုပ်သမားညွှန်ကြားမှုဦးစီးဌာနနှင့်ပူးပေါင်း၍ ၂၀၁၆ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့ နံနက် ၁၀ နာရီမှ မွန်းတည့် ၁၂ နာရီအချိန်ထိ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)ရှိ ပင်လုံခန်းမ၌ ကျင်းပပြုလုပ်သည့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲတွင် ပြည်ပသို့မထွက်ခွာမီ လုပ်ငန်းခွင်အကြိုသင်တန်းအမှတ်စဉ် (၄၃/၂၀၁၆)တွင် တက်ရောက်နေသော သင်တန်းသားများအား အမှတ်(၆)လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့စု(ရန်ကုန်)မှ ရဲအုပ် ကျော်သူအောင် က လူကုန်ကူးမှု/လူမှောင်ခိုမှုဆိုင်ရာ အကြောင်းအရာများ၊ ရွှေ့ပြောင်းသွားလာလုပ်ကိုင်ခြင်းနှင့်ပတ်သက်၍ တွေ့ကြုံနိုင်သည့်အခက်အခဲများ၊ တရားမဝင် ရွှေ့ပြောင်းသွားလာမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် လူကုန်ကူးမှု အန္တရာယ်နှင့် ဆိုးကျိုးများ၊ ရွှေ့ပြောင်းသွားလာလုပ်ကိုင်ရာတွင် ဆောင်ရန်/ရှောင်ရန်အချက်များ၊ မြန်မာနိုင်ငံ၏ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆောင်ရွက်ချက်များ၊ လူကုန်ကူးမှုဥပဒေနှင့် ပြစ်ဒဏ်များ၊ မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသည့် လူကုန်ကူးမှုပုံစံများ၊ လူကုန်ကူးသူများအသုံးပြုသည့် နည်းလမ်း များအား အသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာသည့် သင်တန်းသား/သူ(၂၉၅)ဦးတို့အား ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိသည်။