ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံတစ်ဝန်းလုံး၌ လူကုန်ကူးမှုအသိပညာပေးလက်ကမ်း စာစောင်များဖြန့်ဝေ နေပြည်တော်၊ မေ ၁၉ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သည်
ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံတစ်ဝန်းလုံး၌ လူကုန်ကူးမှုအသိပညာပေးလက်ကမ်း စာစောင်များဖြန့်ဝေ


နေပြည်တော်၊ မေ ၁၉
မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သည် လူကုန်ကူးမှုများ မဖြစ်ပွားစေရေး၊ လူကုန်ကူးမခံရစေရေး အသိပညာပေးခြင်းနှင့် လူကုန်ကူးသူပွဲစားများကို ထိရောက်စွာအရေးယူနိုင်ရေးတို့အတွက် ရက်(၁ဝဝ)စီမံချက်အား ၂ဝ၁၆ ခုနှစ်၊ မေလ ၁ ရက်နေ့မှ သြဂုတ်လ ၈ ရက်နေ့ထိ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ၁၅-၅-၂၀၁၆ ရက်နေ့တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး လက်ကမ်းစာစောင်များအား နေပြည်တော်၌ အစောင်(၄၀၀)၊ ကချင်ပြည်နယ်၌အစောင်(၁၀၀၀)၊ ကယားပြည်နယ်၌ အစောင်(၆၀)၊ ကရင်ပြည်နယ်၌ (၁၂၀၀) စောင်၊ ချင်းပြည်နယ်၌ (၉၅)စောင်၊ စစ်ကိုင်းတိုင်းဒေသကြီး၌ (၂၄၀၀)စောင်၊ တနင်္သာရီတိုင်း ဒေသကြီး၌ (၁၂၀)စောင်၊ ပဲခူးတိုင်းဒေသကြီး၌ အစောင်(၁၀၀၀)၊ မန္တလေးတိုင်းဒေသကြီး၌ (၁၄၀၀)စောင်၊ မွန်ပြည်နယ်၌ အစောင်(၄၀၀)၊ ရခိုင်ပြည်နယ်၌ (၁၂၀)စောင်၊ ရန်ကုန်တိုင်း ဒေသကြီး၌ အစောင်(၇၀၀)၊ ရှမ်းပြည်နယ်၌ (၄၁၈၇)စောင်၊ ဧရာဝတီတိုင်းဒေသကြီး၌ (၅၂၀)စောင် တို့ ဖြန့်ဝေပေးခဲ့ကြသည်။
ဆက်လက်၍ ရက်(၁၀၀)စီမံချက်အနေဖြင့် ၂ဝ၁၆ ခုနှစ်၊ မေလ ၁၅ ရက်မှ မေလ ၂၂ ရက်နေ့ထိ နိုင်ငံတစ်ဝန်းလုံးရှိ လူစည်ကားရာစျေးများ၊ ကားဂိတ်များ၊ ဘူတာရုံများ၊ လှေဆိပ်များ၊ လေဆိပ်များနှင့် နယ်စပ် ဝင်/ထွက်ဂိတ်များတွင် နေ့စဉ်အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေသွားမည်ဖြစ်သည်။ မေလ ၂၅ ရက်မှ ဇွန်လ ၂၆ ရက်နေ့ထိ ရပ်ကွက်/ကျေးရွာနေပြည်သူများ အားလည်းကောင်း၊ ဇွန်လ ၂ဝ ရက်မှ ဇူလိုင်လ ၁ ရက်နေ့ထိ စက်ရုံ၊ အလုပ်ရုံများမှ အလုပ် သမားများအားလည်းကောင်း၊ ဇူလိုင်လ ၄ ရက်မှ ဇူလိုင်လ ၂၂ ရက်နေ့ထိ အလယ်တန်းနှင့် အထက်တန်းအဆင့်ကျောင်းများမှ ကျောင်းသား/သူများအားလည်းကောင်း၊ ဇူလိုင်လ ၂၅ ရက်မှ သြဂုတ်လ ၅ ရက်နေ့ထိ တက္ကသိုလ်များမှ ကျောင်းသား/သူများအားလည်းကောင်း လူကုန်ကူးမှု အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။