အရေးပေါ်ဖုန်း: 199
မြန်မာနိုင်ငံရဲတပ်ဖွဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ Myanmar Police Force
လူကုန်ကူးမှုသတင်းများ

နေပြည်တော်၊ ထားဝယ်၊ မြိတ်၊ ကျောက်တလုံးနှင့် မိုင်းဖြတ်မြို့တို့၌ လူကုန်ကူးမှု အသိပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်

နေပြည်တော်၊ ထားဝယ်၊ မြိတ်၊ ကျောက်တလုံးနှင့် မိုင်းဖြတ်မြို့တို့၌ လူကုန်ကူးမှု အသိပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ် နေပြည်တော်၊ ဇွန် ၁၈ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွ

နေပြည်တော်၊ ထားဝယ်၊ မြိတ်၊ ကျောက်တလုံးနှင့် မိုင်းဖြတ်မြို့တို့၌ လူကုန်ကူးမှု အသိပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်

18.6.2016-2

18.6.2016-3

နေပြည်တော်၊ ဇွန် ၁၈

မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သည် ပြည်သူများ လူကုန်ကူးမှု မဖြစ်ပွားစေရေး၊ လူကုန်ကူးမခံရစေရေး အသိပညာပေးခြင်းနှင့် လူကုန်ကူးသူ ပွဲစားများကို ထိရောက်စွာ အရေးယူနိုင်ရေးတို့အတွက် ရက်(၁ဝဝ)စီမံချက်ကို ၂ဝ၁၆ ခုနှစ်၊ မေလ ၁ ရက်နေ့မှ သြဂုတ်လ ၈ ရက် နေ့အထိ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂ဝ၁၆ ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့တွင် တနင်္သာရီ တိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြောက်ရွာရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် မြိတ်မြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတို့၌ လည်းကောင်း၊ ရှမ်းပြည်နယ်၊ လားရှိုးမြို့၊ ရပ်ကွက်(၅)၊ အမှတ်(၂၀)အခြေခံပညာမူလတန်းလွန်ကျောင်း၌လည်းကောင်း လူကုန်ကူးမှုတားဆီး ကာကွယ်ရေး အသိပညာပေးဟောပြောပွဲများ အသီးသီး ကျင်းပပြုလုပ်ခဲ့ကြသည်။

အဆိုပါ ဟောပြောပွဲများတွင် သက်ဆိုင်ရာ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု/စိတ်များမှ တပ်ဖွဲ့ဝင်များက လူကုန်ကူးမှု/လူမှောင်ခိုမှုအဓိပ္ပာယ်၊ ရွှေ့ပြောင်းသွားလာ အလုပ်လုပ်ကိုင်ရာတွင် သိထား သင့်သည့်အချက်များ၊ ရွှေ့ပြောင်းသွားလာအလုပ်လုပ်ကိုင်ရာမှ လူကုန်ကူးမှုဖြစ်ပွားတတ်ပုံများ၊ မြန်မာ နိုင်ငံတွင်ဖြစ်ပေါ်နေသည့် လူကုန်ကူးမှုအမျိုးအစားများ၊ လူကုန်ကူးသူ/လူပွဲစားများ၏ စည်းရုံးပုံ/စည်းရုံး နည်းများ၊ အမျိုးသမီးများအကြမ်းဖက်ခံရမှုမှ ကာကွယ်ရေးဆိုင်ရာများအကြောင်း အသိပညာပေးဟောပြော ခဲ့ပြီး တက်ရောက်လာသည့် ကျောင်းသား/သူ(၁,၀၇၅)ဦးတို့အား အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိသည်။