အရေးပေါ်ဖုန်း: 199
မြန်မာနိုင်ငံရဲတပ်ဖွဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ Myanmar Police Force
လူကုန်ကူးမှုသတင်းများ

နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ပသီရိမြို့နယ်နှင့်ပျဉ်းမနားမြို့နယ်တို့ ၌ လူကုန်ကူးမှု တားဆီးကာကွယ်ရေးအသိပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်

နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ပသီရိမြို့နယ်နှင့်ပျဉ်းမနားမြို့နယ်တို့ ၌ လူကုန်ကူးမှု တားဆီးကာကွယ်ရေးအသိပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ် နေပြည်တော်၊ သြဂုတ် ၂၃ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူကုန်ကူးမှုတား

နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ပသီရိမြို့နယ်နှင့်ပျဉ်းမနားမြို့နယ်တို့ ၌ လူကုန်ကူးမှု တားဆီးကာကွယ်ရေးအသိပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်

23.8.2016-5

နေပြည်တော်၊ သြဂုတ် ၂၃

မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သည် ပြည်သူများလူကုန် ကူးမှု မဖြစ်ပွားစေရေး၊ လူကုန်ကူးမခံရစေရေး၊ အသိပညာပေးခြင်းနှင့် လူကုန်ကူးသူပွဲစားများကို ထိရောက်စွာ အရေးယူနိုင်ရေးတို့အတွက် ဆောင်ရွက်လျက်ရှိရာ ၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၁၉ ရက်နေ့တွင် ပုဗ္ပသီရိမြို့နယ်၊ ကျည်တောင်ကန်အခြေခံပညာအထက်တန်းကျောင်း၌ လည်းကောင်း၊ ပုဗ္ပသီရိမြို့နယ်၊ အောင်သာယာရပ်ကွက် စုပေါင်းဓမ္မာရုံ၌လည်းကောင်း၊ ပျဉ်းမနားမြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ရတနာမွန်ခန်းမ၌လည်းကောင်း၊ စိုက်ပျိုးရေး သိပ္ပံကျောင်းစာသင်ခန်းမ၌လည်းကောင်း လူကုန်ကူးမှု တားဆီး ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲများ အသီးသီး ကျင်းပပြုလုပ်ခဲ့သည်။

ဆိုပါဟောပြောပွဲများတွင် အမှတ်(၁)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု (နေပြည်တော်) မှ ရဲအုပ် ရဲဝင်းလွင်နှင့် ဒုရဲအုပ် ကျော်လင်းထွန်း တို့က ရွှေ့ပြောင်းသွား လာလုပ်ကိုင်ခြင်းနှင့်ပတ်သက်၍ ကြုံတွေ့နိုင်သည့် အခက်အခဲများ၊ ကြိုတင်ပြင်ဆင်ထား သင့်သည့် အချက်များ၊ လူမှောင်ခို/လူကုန်ကူးမှု အဓိပ္ပာယ်၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဆောင်ရွက် ချက်များ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေနှင့်ပြစ်ဒဏ်များ၊ မြန်မာနိုင်ငံတွင်ဖြစ်ပေါ် နေသည့် လူကုန်ကူးမှုပုံစံများ၊ လူကုန်ကူးသူများ အသုံးပြုသောနည်းလမ်းများ၊ လူကုန်ကူး သူများ၏ စည်းရုံးပုံစည်းရုံးနည်းများ၊ အမျိုးသမီးများ အကြမ်းဖက် ခံရမှုမှ ကာကွယ်ရေး ဆိုင်ရာများအကြောင်းတို့ကို အသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာသည့် ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့၊ အမျိုးသမီး ရေးရာအဖွဲ့၊ ကျောင်းသား/သူများနှင့် ပြည်သူများ စုစုပေါင်း(၇၈၉)ဦးတို့အား အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိသည်။