အရေးပေါ်ဖုန်း: 199
မြန်မာနိုင်ငံရဲတပ်ဖွဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ Myanmar Police Force
လူကုန်ကူးမှုသတင်းများ

နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်နှင့်ပျဉ်းမနားမြို့နယ်တို့ ၌ လူကုန်ကူးမှု တားဆီးကာကွယ်ရေးအသိပညာပေး ဟောပြောပွဲများ ကျင်းပပြုလုပ်

နေပြည်တော်ကောင်စီနယ်မြေ၊  ဥတ္တရသီရိမြို့နယ်နှင့်ပျဉ်းမနားမြို့နယ်တို့ ၌ လူကုန်ကူးမှု တားဆီးကာကွယ်ရေးအသိပညာပေး ဟောပြောပွဲများ ကျင်းပပြုလုပ် နေပြည်တော်၊ သြဂုတ် ၂၃ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူကုန်ကူ

နေပြည်တော်ကောင်စီနယ်မြေ၊  ဥတ္တရသီရိမြို့နယ်နှင့်ပျဉ်းမနားမြို့နယ်တို့ ၌ လူကုန်ကူးမှု တားဆီးကာကွယ်ရေးအသိပညာပေး ဟောပြောပွဲများ ကျင်းပပြုလုပ်

23.8.2016-6

နေပြည်တော်၊ သြဂုတ် ၂၃

မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သည် ပြည်သူများ လူကုန်ကူးမှု မဖြစ်ပွားစေရေး၊ လူကုန်ကူးမခံရစေရေး၊ အသိပညာပေးခြင်းနှင့် လူကုန်ကူး သူပွဲစားများကို ထိရောက်စွာ အရေးယူနိုင်ရေးတို့အတွက် ဆောင်ရွက်လျက်ရှိရာ ၂၀၁၆ ခုနှစ်၊ သြဂုတ်လ၂၀ ရက်နေ့တွင် ဥတ္တရသီရိမြို့နယ်၊ မောင်းရမ်းကျေးရွာရှိ စိုက်ပျိုးစီးပွားအ သိပညာပေးစင်တာ၌ လည်းကောင်း၊ မိုးဆွေကျေးရွာအုပ်ချုပ် ရေးမှူးရုံး၌ လည်းကောင်း၊ တောင်ညိုကျေးရွာသာသနာ့ဝေပုလ္လကျောင်းတိုက်၌ လည်းကောင်း၊ ပျဉ်းမနား မြို့နယ်၊ ဘောဂဝတီရပ်ကွက်စုပေါင်းဓမ္မာရုံ၌ လည်းကောင်း၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးအသိ ပညာပေး ဟောပြောပွဲများ အသီးသီး ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါဟောပြောပွဲများတွင် အမှတ်(၁)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု (နေပြည်တော်)မှ ရဲအုပ် ရဲဝင်းလွင်နှင့် ဒုတိယရဲအုပ် ကျော်လင်းထွန်း တို့က ရွှေ့ပြောင်းသွားလာ လုပ်ကိုင်ခြင်းနှင့် ပတ်သက်၍ ကြုံတွေ့နိုင်သည့် အခက်အခဲများ၊ ကြိုတင်ပြင်ဆင်ထားသင့်သည့် အချက်များ၊ လူမှောင်ခို/ လူကုန်ကူးမှုအဓိပ္ပာယ်၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဆောင်ရွက် ချက်များ၊ လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဥပဒေနှင့်ပြစ်ဒဏ်များ၊ မြန်မာနိုင်ငံတွင်ဖြစ်ပေါ် နေသည့် လူကုန်ကူးမှုပုံစံများ၊ လူကုန် ကူးသူများအသုံးပြုသောနည်းလမ်းများ၊ လူကုန်ကူးသူများ၏ စည်းရုံးပုံစည်းရုံးနည်းများ၊ အမျိုးသမီးများ အကြမ်းဖက်ခံရမှုမှကာကွယ်ရေးဆိုင်ရာများ အကြောင်းတို့ကို အသိပညာပေးဟောပြောခဲ့ပြီး တက်ရောက် လာသည့် ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့၊ အမျိုးသမီးရေးရာအဖွဲ့၊ ကျောင်းသား/သူများနှင့် ပြည်သူများ စုစုပေါင်း(၃၉၀)ဦးတို့အား အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိသည်။