ထွက်ပြေးတိမ်းရှောင်နေသည့် အဂတိလိုက်စားမှုမှ တရားခံပြေးများအား ဖမ်းဆီးရမိနိုင်ရေး သတင်းပေးတိုင်ကြားနိုင်ပါရန် ကိုယ်ရေးအချက်အလက်များထုတ်ပြန် နေပြည်တော်၊ ဖေဖော်ဝါရီ ၂၁ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မ
ထွက်ပြေးတိမ်းရှောင်နေသည့် အဂတိလိုက်စားမှုမှ တရားခံပြေးများအား ဖမ်းဆီးရမိနိုင်ရေး သတင်းပေးတိုင်ကြားနိုင်ပါရန် ကိုယ်ရေးအချက်အလက်များထုတ်ပြန်
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၁
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ စုံစမ်းစစ်ဆေးခဲ့သည့် အမှုများတွင် ၂၀၁၇ ခုနှစ်နှင့် ၂၀၁၈ ခုနှစ်အတွင်း အဂတိလိုက်စားမှု တိုက်ဖျက် ရေးဥပဒေပုဒ်မ ၅၆၊ ၅၇၊ ၆၃ တို့အရ သက်ဆိုင်ရာ ရဲစခန်းများ၌ အမှုဖွင့်လှစ်၍ တရားစွဲဆိုခဲ့သောအမှုများအနက် တရားခံ(၁၂)ဦးမှာ ထွက်ပြေး တိမ်းရှောင်လျက်ရှိပါသည်။
ကော်မရှင်အနေဖြင့် အမှုများပြီးပြတ်အောင်ဆောင်ရွက်နိုင်ရန်အတွက် တရားခံပြေး(၁၂)ဦး အား ဖမ်းဆီးရမိနိုင်ရေး အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့ လည်းကောင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်/ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးများနှင့် ရဲစခန်းများသို့ လည်းကောင်း သတင်းပေး တိုင်ကြားနိုင်ရန် ၎င်းတို့၏ ဓာတ်ပုံများနှင့်အတူ ကိုယ်ရေးအချက်အလက်များအား ဖော်ပြအပ်ပါသည်။



