အရေးပေါ်ဖုန်း: 199
မြန်မာနိုင်ငံရဲတပ်ဖွဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ Myanmar Police Force
လူကုန်ကူးမှုသတင်းများ

မဟာအောင်မြေခရိုင်ရဲတပ်ဖွဲ့နယ်မြေအတွင်း လူကုန်ကူးတားဆီးနှိမ်နင်းရေးအမှုဖြစ်စဉ် ဖော်ထုတ်ဖမ်းဆီးရမိမှု

မဟာအောင်မြေခရိုင်ရဲတပ်ဖွဲ့နယ်မြေအတွင်း လူကုန်ကူးတားဆီးနှိမ်နင်းရေးအမှုဖြစ်စဉ် ဖော်ထုတ်ဖမ်းဆီးရမိမှု               အမှုမှာ ၉.၉.၂၀၂၂ ရက်နေ့ ၀၈၀၀  အချိန် တရားလိုသ

မဟာအောင်မြေခရိုင်ရဲတပ်ဖွဲ့နယ်မြေအတွင်း လူကုန်ကူးတားဆီးနှိမ်နင်းရေးအမှုဖြစ်စဉ် ဖော်ထုတ်ဖမ်းဆီးရမိမှု

              အမှုမှာ ၉.၉.၂၀၂၂ ရက်နေ့ ၀၈၀၀  အချိန် တရားလိုသည်   လူကုန်ကူးမှုတား ဆီးနှိမ်နင်းရေးတပ်ဖွဲ့စု၌ တာဝန်ထမ်းဆောင်စဉ်   ပြည်ကြီးတံခွန်မြို့နယ်၊ (ည)ရပ်ကွက်၊ ၁၄၁-၁၄၂လမ်းကြား၊ ၆၄-၆၅    လမ်းကြားနေ မကြူကြူအေး (၄၀)နှစ်(ဘ) ဦးတင်သိန်း၊   ၁၄/မမန (နိုင်)    ၂၅၂၈၄၀၊ မှီခို၊ ဗမာ/ဗုဒ္ဓ ရောက်ရှိလာပြီး တက်တူး (ခ)နေလေး နှင့်ဆုံဆည်းရာ မာဆတ်မှ ဆိုင်ရှင် မခိုင်၊ မန်နေဂျာ ဦးစိုးနှင့်  ကြီးကြပ်သူ မနှင်းပွင့်တို့မှ သမီးဖြစ်သူ မစုမြတ်နိုး (ခ)လပြည့်၊ (၁၄)နှစ်၊ (ဘ)ဦးကျော်ကျော် (လိပ်စာတူ) နေသူအား  လူကုန်ကူးမှု ကျူးလွန်ခဲ့သည်ဟု    အကြောင်းကြား၍ မစုမြတ်နိုး(ခ)လပြည့်အားစိစစ်ခဲ့ရာ ၎င်းသည် ၈.၉.၂၀၂၂ ရက်နေ့ ၀၈၀၀ အချိန်ခန့်တွင် ရည်းစားဖြစ်သူ  ပိုင်ဝေဖြိုးနှင့် စိတ်ဆိုးပြီး  စိတ်ညစ်သဖြင့်    နေအိမ်မှထွက်လာကာ ၆၄ လမ်းနှင့် ၁၄၁ (A)လမ်းအရောက် တက်တူး(ခ)နေလေးမှ  ဘယ်သွားမှာလဲဟု မေး၍ မစုမြတ်နိုး(ခ)လပြည့်မှ စိတ်ညစ်လို့ အိမ်က ထွက်လာတာပြောရာ တက်တူး(ခ) နေလေးမှ ဇနီးမယားအဖြစ်ယူမည်ဟုလိမ်လည်ပြောဆိုကာ ခေါ်ဆောင်ပြီး စွယ်တော်ကားကွင်း အနောက်ဘက် ၆၇ လမ်းဘေးရှိ   အမှိုက်ပုံအနီး လူမနေသည့်တဲတွင် သားမယားအဖြစ်(၁)ကြိမ် ပြုကျင့်ပြီး ၀၉၀၀ အချိန်ခန့်တွင် ပြည်ကြီးတံခွန်မြို့နယ်၊ ၁၃၉ လမ်းပေါ်ရှိ ဆုံဆည်းရာ မာဆတ်သို့ ပို့ဆောင်ခဲ့ကြောင်း၊ မာဆတ်သို့ ရောက်ရှိစဉ် တက်တူး(ခ)နေလေးမှ မန်နေဂျာ ဦးစိုးဆိုသူနှင့်     စကားပြောဆိုပြီး ခဏအကြာ   မာဆတ်၌  မိန်းကလေးများအား ကြီးကြပ်သူ  မနှင်းပွင့် ရောက်ရှိလာပြီး မစုမြတ်နိုး (ခ)လပြည့်အား ဆိုင်ရှိအခန်းအတွင်းသို့ ခေါ်ဆောင်သွားခဲ့ကြောင်း၊ အခန်းအတွင်း သို့ရောက်ရှိစဉ် ပိုင်ရှင်ဖြစ်သူ မခိုင်ဆိုသူမှ အရှုပ်အရှင်း ကင်းလား      ဟုမေးရာ တက်တူး(ခ)နေလေးမှ  အရှုပ် အရှင်းကင်းသည်ဟုပြောဆိုသဖြင့် ဆိုင်ရှင်မှ    လက်ခံခဲ့ကြောင်း၊ မစုမြတ်နိုး(ခ)လပြည့်အား မရှိန်းမှ ငယ်သေးကြောင်း၊ အလုပ်မလုပ်ရန်နှင့် နေအိမ်သို့ပြန်ရန်ပြောဆိုရာ ကြီးကြပ်သူ  မနှင်းပွင့်မှ ပြန်၍မရ ကြောင်း ပြန်မည်ဆိုပါက တက်တူး(ခ)နေလေး    ယူသွားသည့် ငွေများအား နှစ်ဆ ပေးလျော်ရမည် ဖြစ်ကြောင်း၊   ပြောဆိုခဲ့သဖြင့် မာဆတ်တွင် အလုပ်လုပ်ကိုင်စဉ် အမျိုးသားများအား နှိပ်ပေးရပြီး ဧည့်သည် များအား ပြည့်တန်ဆာအဖြစ် ဆက်ဆံပေးရကြောင်း၊ ၁၀.၉.၂၀၂၂  ရက်နေ့ ၂၀၀၀ အချိန်ခန့်   ဆီအနှိပ်ခန်း တွင်  ဧည့်သည်တစ်ဦးနှင့် ပြည့်တန်ဆာအဖြစ် (၁)ကြိမ်ဝင်ပေးရပြီး  ဧည့်သည်မှ (၃၀၀၀၀) ကျပ်ပေးခဲ့ ကြောင်း၊  ရရှိငွေမှ  (၂၀၀၀၀) ကျပ်အား လည်းကောင်း ၁.၉.၂၀၂၂  ရက်နေ့တွင်   ဧည့်သည်တစ်ဦးနှင့် ပြည့်တန်ဆာအဖြစ် (၁)ကြိမ်ဝင်ပေးရပြီး ဧည့်သည်မှ (၅၀၀၀၀) ကျပ်ပေးခဲ့ကြောင်း၊  ရရှိငွေမှ (၃၀၀၀၀) ကျပ်အား   လည်းကောင်း မနှင်းပွင့်မှ မန်နေဂျာနှင့်   ပိုင်ရှင်ထံ    ပေးရမည်ဟုပြောဆိုကာ ယူသွားကြောင်း  စိစစ်သိရှိခဲ့ရသဖြင့်  အရွယ်မရောက်သေးသူအား ဇနီးမယားအဖြစ် ယူမည်ဟု လိမ်လည် ပြောဆိုခေါ်ဆောင် ပြီး သားမယားအဖြစ် ပြုကျင့်ကာ ဆုံဆည်းရာ မာဆတ်သို့ ပို့ဆောင် ၍ အကျိုးအမြတ်ရယူသူ တက်တူး (ခ)နေလေး၊ ပြည့်တန်ဆာအဖြစ် အတင်းအဓမ္မ ခိုင်းစေခဲ့ပြီး   ပြည့်တန်ဆာပြုခြင်းမှ   ရရှိ ငွေများအား  ဖြတ်တောက်ကာ    အကျိုးအမြတ်ရယူခဲ့သူ ဆုံဆည်းရာ မာဆတ်ပိုင်ရှင် မခိုင်၊ မန်နေဂျာ ဦးစိုးနှင့် ကြီးကြပ်သူ မနှင်းပွင့်တို့အား ဉပဒေအရ အရေးယူပေးပါရန် လ ၂၀၇၅၅၇  ရဲအုပ် ကိုကိုမျိုး၊ လတနစု(၁၁)၊ မန္တလေးမှ တရားလိုပြုလုပ်တိုင်တန်းပြီး စက်မှုနယ်မြေရဲစခန်း(ပ)၂၄၉/၂၀၂၂၊ လူကုန်ကူးမှုတာဆီးနှိမ်နင်းရေးဥပဒေ ပုဒ်မ-၃၅/၄၄ဖြင့် လ ၂၁၄၉၀၉ ဒုရဲအုပ် နေအောင်မှ စစ်ဆေးသောအမှုဖြစ်ပါသည်။

Man25