အရေးပေါ်ဖုန်း: 199
မြန်မာနိုင်ငံရဲတပ်ဖွဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ Myanmar Police Force
အသိပေးကြေငြာချက်

လက်နက်ကိုင်အကြမ်းဖက်အဖွဲ့အချင်းချင်း လုပ်ကြံသတ်ဖြတ်မှု ဖြစ်ပွားခဲ့ကြောင်း လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ပြန့်နှံ့နေ

လက်နက်ကိုင်အကြမ်းဖက်အဖွဲ့အချင်းချင်း လုပ်ကြံသတ်ဖြတ်မှု ဖြစ်ပွားခဲ့ကြောင်း လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ပြန့်နှံ့နေ နေပြည်တော်၊ မတ် ၁၇           &nb

လက်နက်ကိုင်အကြမ်းဖက်အဖွဲ့အချင်းချင်း လုပ်ကြံသတ်ဖြတ်မှု ဖြစ်ပွားခဲ့ကြောင်း လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ပြန့်နှံ့နေ

နေပြည်တော်၊ မတ် ၁၇

               ယခုရက်ပိုင်းအတွင်း နိုင်ငံရေးကိုအကြောင်းပြကာ လက်နက်ဆွဲကိုင်ပြီး နာမည်အမျိုးမျိုး တပ်၍ ဖွဲ့စည်းထားရှိသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် လက်နက်ကိုင်အကြမ်းဖက် သမားများသည် “ငါနှင့်မတူ ငါ့ရန်သူ”ဟု သဘောထားကာ အေးချမ်းစွာနေထိုင်လျက်ရှိသော ရဟန်းရှင်လူပြည်သူများအား လုပ်ကြံသတ်ဖြတ်မှုများ ကျူးလွန်ရုံသာမက ၎င်းတို့ လက်နက်ကိုင် အဖွဲ့အစည်းအချင်းချင်းအတွင်း၌ပါ ဥပဒေမဲ့ တရားလက်လွတ် လုပ်ကြံသတ်ဖြတ်မှုများ ဖြစ်ပွားလျက် ရှိကြောင်းကို လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် ရေးသားဖော်ပြနေကြသည်ကိုတွေ့ရှိရပါသည်။

               ၂၀၂၅ ခုနှစ်၊ မတ်လ ၃ ရက်နေ့ နေ့လယ် ၁ နာရီအချိန်တွင် အကြမ်းဖက်အဖွဲ့အစည်း ဖြစ်သည့် NUG လက်အောက်ခံ နေပြည်တော်တိုင်းစစ်ဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော် ပျဉ်းမနားစစ်ကြောင်းမှ စစ်ကြောင်းမှူး ရဲဘော်ကိုစိုင်း(ခ)ဝင်းလှိုင်ကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတစ်ခုဖြစ်သည့် ကယန်းပြည်သစ်တပ်မတော် ဗဟိုကော်မတီဝင် ဗိုလ်မှူးကြီး သိန်းဟန်နှင့် တွေ့ဆုံဆွေးနွေးရန်ဟုဆိုကာ ကယန်းပြည်သစ်နယ်မြေ အမှတ်(၆)မြို့နယ်၊ ဒုမဟာမှူး ဖိုးခွားမှ လာရောက်ခေါ်ဆောင်သွားကြောင်း၊ မတ်လ ၁၃ ရက်နေ့တွင် ကယန်းပြည်သစ်တပ်မတော် ရုံးစိုက်ရာနေရာ၌ ရဲဘော်ကိုစိုင်း(ခ)ဝင်းလှိုင်၏ အလောင်းကို လူသားမဆန်စွာ ပြင်းပြင်းထန်ထန် ညှင်းပန်းနှိပ်စက်ထားသော ဒဏ်ရာများဖြင့် သေဆုံးလျက်တွေ့ရှိရကြောင်း၊ ရဲဘော်ကိုစိုင်း (ခ)ဝင်းလှိုင်၏ သေဆုံးမှုသည် ကယန်းပြည်သစ်တပ်မတော်မှ တာဝန်အပြည့်ရှိကြောင်းနှင့် ဦးဆောင်စေခိုင်းကျူးလွန်သူများကို ပြင်းထန်စွာအရေးယူပေးရန် အကြမ်းဖက်အဖွဲ့အစည်းဖြစ်သည့် NUG လက်အောက်ခံ နေပြည်တော်တိုင်းစစ်ဌာနမှ သဘောထားကြေညာချက်ထုတ်ပြန်၍ ကယန်းပြည်သစ်တပ်မတော်သို့ တောင်းဆိုထားကြောင်းတွေ့ရသည်။

               ကယန်းပြည်သစ်တပ်မတော်(KNLP)သည် ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ဆီဘူးရွာတွင် ခြေကုတ်ယူထားသည့် လက်နက်ကိုင်အကြမ်းဖက်အဖွဲ့အစည်းဖြစ်ပြီး ဥက္ကဋ္ဌမှာ သန်းစိုးနိုင် ဖြစ်ပြီး ကယန်းပြည်သစ်တော်လှန်ရေးကောင်စီ(KNLRC)ကို ဗိုလ်မှူးချုပ် အိုက်စ်နော်ထားက တာဝန်ယူပြီး ကယန်းပြည်သစ်တပ်မတော်(KNLA)၏ စစ်ဦးစီးချုပ်မှာ ဗိုလ်မှူးချုပ် မြားနိုဖြစ်ကြောင်း သိရပါသည်။

               NUG လက်အောက်ခံ နေပြည်တော်တိုင်းစစ်ဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော် ပျဉ်းမနားစစ်ကြောင်းမှူး ရဲဘော်ကိုစိုင်း(ခ)ဝင်းလှိုင်ကို ကယန်းပြည်သစ်တပ်မတော်မှ ခေါ်ဆောင် သွားပြီး ညှင်းပန်းနှိပ်စက်သတ်ဖြတ်မှုဟာ ဘယ်လိုပြစ်မှုမျိုးကျူးလွန်ခဲ့၍ သတ်ဖြတ်ခဲ့ကြောင်း ဖြေရှင်း ပေးခဲ့ခြင်းလည်း မတွေ့ရှိရသေးပါ။

               အကြမ်းဖက်လက်နက်ကိုင်များ ကြီးစိုးသောနယ်မြေများတွင် အေးချမ်းစွာနေထိုင်ကြသည့် ရဟန်းရှင်လူ ပြည်သူများကိုသာမက ၎င်းတို့ လက်နက်ကိုင်အချင်းချင်းကိုပါမချန် အကြောင်းအမျိုးမျိုး ပြကာ ခေါင်းစဉ်အမျိုးမျိုးတပ်စွပ်စွဲ၍ ဥပဒေမဲ့ တရားလက်လွတ် လုပ်ကြံသတ်ဖြတ်မှုများ မည်မျှ ဖြစ်ပွားခဲ့ပြီးကြောင်း မသိရှိနိုင်ပါ၊ ထို့ကြောင့် ပြည်သူလူထုအနေဖြင့်လည်း အကြမ်းဖက်လုပ်ကြံ သတ်ဖြတ်မှုများ အမြန်ဆုံး အဆုံးသတ်စေရေး လက်နက်အားကိုး၍ အနိုင်ကျင့် ဗိုလ်ကျနေကြသည့် အကြမ်းဖက်အဖွဲ့အစည်းအမျိုးမျိုးကို ထောက်ခံအားပေးခြင်း၊ ကူညီခြင်းများမပြုလုပ်ကြရန်နှင့် ၎င်းတို့လှုပ်ရှားသည့် နယ်မြေများတွင် ၎င်းတို့နှင့်အတူ အနီးကပ်နေထိုင်ခြင်း မပြုလုပ်ကြရန် အသိပေးတိုက်တွန်းဖော်ပြအပ်ပါသည်။