အရေးပေါ်ဖုန်း: 199
မြန်မာနိုင်ငံရဲတပ်ဖွဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ Myanmar Police Force
အသိပေးကြေငြာချက်

ဒုတိယရဲအုပ်လောင်း(အမျိုးသား၊ အမျိုးသမီး)များ အလိုရှိသည်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲအုပ်လောင်း(အမျိုးသား၊ အမျိုးသမီး)များ အလိုရှိသည် ၁။      မြန်မာနိုင်ငံရဲတပ်ဖွဲ့တွ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

ပြည်ထဲရေးဝန်ကြီးဌာန

မြန်မာနိုင်ငံရဲတပ်ဖွဲ့

ဒုတိယရဲအုပ်လောင်း(အမျိုးသား၊ အမျိုးသမီး)များ အလိုရှိသည်

၁။      မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် လစာနှုန်းကျပ် (၂၃၄၀၀၀-၂၀၀၀-၂၄၄၀၀၀)ဖြင့် ဒုတိယရဲအုပ်လောင်း (အမျိုးသား၊ အမျိုးသမီး)များ အလိုရှိသည်။

၂။       ဒုတိယရဲအုပ်လောင်းသင်တန်း တက်ရောက်အောင်မြင်ပြီးပါက ဒုတိယရဲအုပ်အဆင့် စတင် ခန့်အပ်ခြင်းခံရမည်။

၃။      လျှောက်ထားသူသည်-

          (က)    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသား အိမ်ထောင်မရှိဖူးသူ(လူပျို/အပျို) ဖြစ်ရမည်။

          (ခ)   အစိုးရအသိအမှတ်ပြု တက္ကသိုလ်များမှ အောက်ဖော်ပြပါ ပညာအရည်အချင်းနှင့်     ကိုက်ညီသူ (အမျိုးသား၊ အမျိုးသမီး)များ ဖြစ်ရမည်-

                   (၁)   သိပ္ပံဘွဲ့ ရရှိသူ၊

                  (၂)   ဝိဇ္ဇာဘွဲ့ရရှိသူ၊                      

                   (၃)   ဥပဒေဘွဲ့ ရရှိသူ၊

                   (၄)   နိုင်ငံခြားဘာသာတက္ကသိုလ်တစ်ခုခုမှ ဘွဲ့တစ်ခုခုရရှိသူ၊(အင်္ဂလိပ်၊တရုတ်၊ထိုင်း)

                   (၅)   ကွန်ပျူတာသိပ္ပံဘွဲ့ / ကွန်ပျူတာနည်းပညာဘွဲ့ ရရှိသူ၊

                   (၆)   စီးပွါးရေးဘွဲ့ ရရှိသူ၊

                   (၇)   စိုက်ပျိုးရေးဘွဲ့ ရရှိသူ၊  

                   (၈)   အင်ဂျင်နီယာဘွဲ့(မြို့ပြ၊ လျှပ်စစ်၊ စက်မှု၊ သတင်းအချက်အလက်သိပ္ပံနှင့်နည်းပညာ၊ ရေကြောင်းစက်မှု) ရရှိသူ၊

                   (၉)   သူနာပြုသိပ္ပံဘွဲ့ ရရှိသူ၊

                   (၁၀) ပြည်သူ့ကျန်းမာရေးဘွဲ့ ရရှိသူ၊

                   (၁၁) ဆေးဝါးကျွမ်းကျင်ပညာဘွဲ့ ရရှိသူ၊                               

    (ဂ)   ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် အသက် ၂၅ နှစ်ထက် မကျော်လွန်စေရ။ အင်ဂျင်နီယာဘွဲ့၊ မဟာဘွဲ့ရရှိပြီးသူများအနေဖြင့် ၃၀ နှစ်အထိ လျှောက်ထားနိုင်သည်။

    (ဃ)   (အမျိုးသား)များအတွက် အရပ်အမြင့် ၅ ပေ ၄ လက်မ၊ ရင်အုပ်နဂိုနေ ၃၂ လက်မ နှင့် ကိုယ်အလေးချိန်အနည်းဆုံး ၁၁၀ ပေါင်ထက်မနည်း၊ ၁၄၀ ပေါင်ထက် မကျော်လွန်သူ ဖြစ်ရမည်။

             (အမျိုးသမီး)များအတွက် အရပ်အမြင့် ၅ ပေ ၃ လက်မ နှင့်ကိုယ်အလေးချိန်အနည်းဆုံး ၉၅ ပေါင်ထက်မနည်း၊ ၁၄၀ ပေါင်ထက် မကျော်လွန်သူ ဖြစ်ရမည်။

     (င)   မျက်မှန်တပ်ဆင်ထားသူများ လျှောက်ထားရန်မလိုပါ။

     (စ)   ဆေးအဆင့်(က)ရှိသူဖြစ်ရမည်။

     (ဆ)    နယ်ဘက်တရားရုံးများတွင် မှုခင်းကင်းရှင်းသူဖြစ်ရမည်။

      (ဇ)   ဒုတိယရဲအုပ်လောင်း သင်တန်းပြီးဆုံးပါက ဒုတိယရဲအုပ်အဆင့်တွင်လည်းကောင်း၊ ရဲအုပ်အဆင့်တွင်လည်းကောင်း၊ အနည်းဆုံးအဆင့်ရသက် ၅ နှစ်မပြည့်မီ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ နှုတ်ထွက်ခွင့်တင်ပြခြင်းမပြုကြောင်း ဝန်ခံကတိပြု လက်မှတ်                      ရေးထိုးနိုင်သူ ဖြစ်ရမည်။

၄။      လျှောက်ထားသူများကို ရေးဖြေစာမေးပွဲဖြေဆိုစေပြီး ဖြေဆိုအောင်မြင်မှသာ စိတ်စစ်ဆေးခြင်း၊ ကြံ့ခိုင်စွမ်းရည်စစ်ဆေးခြင်း၊ လူတွေ့စစ်ဆေးခြင်းများပြုလုပ်မည်။စိတ်စစ်ဆေးခြင်းနှင့် ကြံ့ခိုင်စွမ်းရည်စစ်ဆေးခြင်းများ မပြုလုပ်မီ  ရှေးဦးစွာ ဆေး          စစ်ဆေးခြင်းခံရမည်ဖြစ်ပြီး ဆေးစစ်ဆေးခြင်းအောင်မြင် မှသာ ဆက်လက်ဖြေဆိုခွင့်ပြုပါမည်။

၅။         သတ်မှတ်ထားသော လျှောက်လွှာပုံစံကို သက်ဆိုင်ရာ နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးများတွင် ရယူနိုင်သည်။ သတ်မှတ်ထားသော လျှောက်လွှာပုံစံမူရင်းဖြင့် လျှောက်ထားခြင်း ကိုသာ လက်ခံမည်                ဖြစ်ကြောင်းနှင့် လျှောက်လွှာများစိစစ်ပြီး ဖြေဆိုခွင့်ရရှိသူများအား ဖြေဆိုရမည့် နေ့ရက်ကို သက်ဆိုင်ရာ နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးများသို့ အကြောင်းကြားပါမည်။

၆။      လျှောက်လွှာပုံစံနှင့်အတူ-

          (က)    ဘွဲ့လက်မှတ်မိတ္တူနှင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်လက်မှတ်မိတ္တူ။

          (ခ)   ပြစ်မှုကင်းရှင်းကြောင်း ရဲစခန်းထောက်ခံချက်။

          (ဂ)   အိမ်ထောင်မရှိဖူးသူ(လူပျို/အပျို)ဖြစ်ကြောင်း ဝန်ခံချက်။

          (ဃ)    ဒုတိယရဲအုပ်လောင်း သင်တန်းပြီးဆုံးပါက ဒုတိယရဲအုပ်အဆင့်တွင်လည်းကောင်း၊ ရဲအုပ်အဆင့်တွင်လည်းကောင်း၊ အနည်းဆုံး ၅ နှစ်မပြည့်မီ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ နှုတ်ထွက်ခွင့် တင်ပြခြင်းမပြုကြောင်း ဝန်ခံကတိပြု လက်မှတ်ရေးထိုးထား                        သည့် ဝန်ခံချက်။

          (င)   ပတ်စ်ပို့အရွယ် ဓာတ်ပုံ ၃ ပုံ(၁.၃" X ၁.၅" နောက်ခံအပြာရောင်)။

          (စ)   အလုပ်သမား မှတ်ပုံတင် မိတ္တူတို့ပါရှိရမည်။

၇။      နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးများတွင် ဒုတိယရဲအုပ်လောင်း လျှောက်လွှာများကို   --၂၀၂၅ ရက်နေ့မှစ၍ ထုတ်ယူလျှောက်ထားနိုင်ပြီး ၁၇--၂၀၂၅ ရက်နေ့ နောက်ဆုံး လျှောက်ထားရမည်။

၈။         မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်နေသော တပ်တွင်းဘွဲ့ရ(တပ်ဖွဲ့ဝင်၊ စာရေးဝန်ထမ်းများ) နှင့် အခြားဌာနများတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများ လျှောက်ထားရန် မလိုပါ။

၉။      ဆေးစစ်ဆေးခြင်း၊ စိတ်စစ်ဆေးခြင်း၊ ကြံ့ခိုင်စွမ်းရည် စစ်ဆေးခြင်းများ ဆောင်ရွက်ရာတွင် အသက်စိစစ်အတည်ပြုရန်အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်လက်မှတ်(မူရင်း)၊ ပညာအရည်အချင်း စိစစ်ရန်အတွက် ဘွဲ့လက်မှတ်                                    မူရင်း(ဘွဲ့နှင်းသဘင်မကျင်းပရသေးပါက ဘွဲ့ရရှိကြောင်း ယာယီဘွဲ့ ထောက်ခံစာမူရင်း) တင်ပြနိုင်ရမည်။