၂၀၂၆ ခုနှစ်၊ ပြည်ထဲရေးဝန်ကြီးဌာနမိသားစု မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် သင်္ကြန်ပိတ်ပွဲအခမ်းအနား ကျင်းပ နေပြည်တော်၊ ဧပြီ ၁၇ မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်မှ ၁၃၈၈ ခုနှစ်သို့ ကူးပြောင်းသည့် မဟာသ
၂၀၂၆ ခုနှစ်၊ ပြည်ထဲရေးဝန်ကြီးဌာနမိသားစု မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် သင်္ကြန်ပိတ်ပွဲအခမ်းအနား ကျင်းပ
နေပြည်တော်၊ ဧပြီ ၁၇
မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်မှ ၁၃၈၈ ခုနှစ်သို့ ကူးပြောင်းသည့် မဟာသင်္ကြန်ပွဲတော်ကို ပြည်ထဲရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများသည် မြန်မာ့ရိုးရာ ယဉ်ကျေးမှုအစဉ်အလာနှင့်အညီ သင်္ကြန်အတက်နေ့ဖြစ်သည့် ဧပြီလ ၁၆ ရက်နေ့ မွန်းလွဲပိုင်းမှ စတင်၍ နေပြည်တော်၊ ဇမ္ဗူသီရိ မြို့နယ်၊ ရုံးအမှတ် (၃၈)ရှိ ပြည်ထဲရေးဝန်ကြီးဌာန ရေကစားမဏ္ဍပ်၌ ဆက်လက်ကျင်းပသည်။
အဆိုပါ ပြည်ထဲရေးဝန်ကြီးဌာနမိသားစု ရေကစားမဏ္ဍပ်သို့ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေနှင့်ဇနီး၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် မင်းသူနှင့်ဇနီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဗိုလ်ချုပ် စိုးလှိုင်နှင့်ဇနီး၊ အမြဲတမ်းအတွင်းဝန် ဦးခိုင်ထွန်းဦးနှင့်ဇနီး၊ တပ်ဖွဲ့/ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့်ဇနီးများ၊ အရာရှိကြီးများနှင့်ဇနီးများ၊ တပ်ဖွဲ့ဝင် နှင့်ဝန်ထမ်းများ၊ မိသားစုဝင်များ၊ ဖိတ်ကြားထားသူများ၊ တပ်ဖွဲ့/ဦးစီးဌာနများမှ ယိမ်းအကအဖွဲ့များ စုံလင်စွာ တက်ရောက်ကြပြီး မြန်မာ့ရိုးရာယဉ်ကျေးမှု အစဉ်အလာနှင့်အညီ အတာသင်္ကြန်ပွဲတော် အား ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြသည်။
ယင်းနောက် ည ၆ နာရီခွဲအချိန်တွင် ပြည်ထဲရေးဝန်ကြီးဌာနမိသားစု၏ မဟာသင်္ကြန်ပွဲတော် ပိတ်ပွဲအခမ်းအနားကို ပြည်ထဲရေးဝန်ကြီးဌာနရေကစားမဏ္ဍပ်၌ ဆက်လက်ကျင်းပသည်။ အခမ်းအနား တွင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေက နှုတ်ဆက်အမှာစကား ပြောကြားကာ ပြည်ထဲရေးဝန်ကြီး ဌာနမိသားစု၏ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် အခမ်းအနားကို ပိတ်သိမ်း ကြောင်း ကြေညာပြီး ပြည်ထဲရေးဝန်ကြီးဌာနမိသားစု သင်္ကြန်ယိမ်းအဖွဲ့များက “မန်းတောင်ရိပ်ခို” တေးသီချင်းဖြင့် စုပေါင်းကပြဖျော်ဖြေကြရာ ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး ဦးဆောင်သောအဖွဲ့က သပြေခက်ဖြင့် အတာရေပက်ဖြန်းပေးကြပြီး ပိတ်ပွဲအခမ်းအနား အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သိရသည်။
