အရေးပေါ်ဖုန်း: 199
မြန်မာနိုင်ငံရဲတပ်ဖွဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ Myanmar Police Force
ရဲတပ်ဖွဲ့လှုပ်ရှားမှုသတင်းများ

(၈၁)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထဲရေးဝန်ကြီးဌာနရှိ တပ်ဖွဲ့/ဦးစီးဌာနများမှ တပ်ဖွဲ့ဝင်နှင့်ဝန်ထမ်းများ၏ စုပေါင်းသွေးလှူဒါန်းပွဲအား ဒုတိယဝန်ကြီး ဗိုလ်ချုပ် မင်းသူ ကြည့်ရှုအားပေး

(၈၁)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထဲရေးဝန်ကြီးဌာနရှိ တပ်ဖွဲ့/ဦးစီးဌာနများမှ တပ်ဖွဲ့ဝင်နှင့်ဝန်ထမ်းများ၏ စုပေါင်းသွေးလှူဒါန်းပွဲအား ဒုတိယဝန်ကြီး ဗိုလ်ချုပ် မင်းသူ ကြည့်ရှုအားပ

(၈၁)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထဲရေးဝန်ကြီးဌာနရှိ တပ်ဖွဲ့/ဦးစီးဌာနများမှ တပ်ဖွဲ့ဝင်နှင့်ဝန်ထမ်းများ၏ စုပေါင်းသွေးလှူဒါန်းပွဲအား ဒုတိယဝန်ကြီး ဗိုလ်ချုပ် မင်းသူ ကြည့်ရှုအားပေး

နေပြည်တော်၊ မတ်လ ၂၄

             ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင် ကျရောက်မည့် (၈၁)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ တပ်ဖွဲ့/ဦးစီးဌာနများမှ တပ်ဖွဲ့ဝင်နှင့် ဝန်ထမ်းများက စုပေါင်းသွေးလှူဒါန်းခြင်းအား မတ်လ ၂၃ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်ရှိ နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀)နှင့် ဇေယျာသီရိမြို့နယ်ရှိ အမှတ်(၂)တပ်မတော် ဆေးရုံကြီး (ခုတင်-၁၀၀၀)တို့၌ တစ်ချိန်တည်း ကျင်းပပြုလုပ်ခဲ့သည်။

             အဆိုပါသွေးလှူဒါန်းပွဲ၌ ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ တပ်ဖွဲ့/ဦးစီးဌာနများမှ တပ်ဖွဲ့ဝင်နှင့် ဝန်ထမ်းစုစုပေါင်း ၂၁၆ ဦးတို့က ဂုဏ်ပြုသွေးလှူဒါန်းခဲ့ကြရာ သွေးလှူရှင် တပ်ဖွဲ့ဝင်နှင့်ဝန်ထမ်း များအား ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် မင်းသူ၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အေးထွန်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုး၊ ပြည်ထဲရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးခိုင်ထွန်းဦး၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် ကျန်းမာရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယရဲချုပ်များနှင့် တပ်ဖွဲ့/ဦးစီးဌာနများမှအရာရှိကြီးများ၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀)မှ ဆေးရုံအုပ်ကြီး ဒေါက်တာ သောင်းလှိုင်နှင့် တာဝန်ရှိသူများ၊ ဇေယျာသီရိမြို့နယ်ရှိ တပ်မတော်ဆေးရုံကြီး(ခုတင်-၁၀၀၀)မှ ဒုတပ်မှူး ဗိုလ်မှူးကြီး ဇော်လင်းအောင်နှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးစကား ပြောကြားကာ သွေးလှူရှင် များအား အာဟာရဖြည့်စွက်စာများနှင့် အားဆေးများ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

မတ်လ ၂၃ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် (၈၁)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲ၌ ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ တပ်ဖွဲ့/ဦးစီး ဌာနများမှ တပ်ဖွဲ့ဝင်နှင့် ဝန်ထမ်း စုစုပေါင်း ၂၁၆ ဦးတို့က စုပေါင်းသွေး လှူဒါန်းခဲ့ကြပြီး ယနေ့ တွင်လည်း နေပြည်တော်(ခုတင်-၁၀၀၀)ပြည်သူ့ဆေးရုံကြီး၌ တပ်ဖွဲ့ဝင်နှင့်ဝန်ထမ်း ၁၅၈ ဦးတို့က ဆက်လက်ဂုဏ်ပြုသွေးလှူဒါန်းကြမည်ဖြစ်ရာ စုစုပေါင်းသွေးလှူဒါန်းသူ  ၃၇၄ ဦးတို့က စုပေါင်း သွေးလှူဒါန်း သွားကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။