အသိပေးကြေညာချက် မော်တော်ယာဉ်များတွင် ကုန်လမ်းပို့ဆောင်ရေးညွန်ကြားမှုဦးစီးဌာမှ ထုတ်ပေးသည့် မော်တော်ယာဉ် နံပါတ်ပြားမဟုတ်ဘဲ အခြားနံပါတ်ပြားတပ်ဆင်ခြင်း၊ မူလနံပါတ်ပြားကို အလှဆင်ပြုပြင်ထားသည့် နံ
အသိပေးကြေညာချက်
မော်တော်ယာဉ်များတွင် ကုန်လမ်းပို့ဆောင်ရေးညွန်ကြားမှုဦးစီးဌာမှ ထုတ်ပေးသည့် မော်တော်ယာဉ် နံပါတ်ပြားမဟုတ်ဘဲ အခြားနံပါတ်ပြားတပ်ဆင်ခြင်း၊ မူလနံပါတ်ပြားကို အလှဆင်ပြုပြင်ထားသည့် နံပါတ်ပြားများ တပ်ဆင်ခြင်း၊ အလှဆင်နံပါတ်ပြားများတပ်ဆင်ခြင်း၊ မော်တော်ယာဉ်၊ မော်တော် ဆိုင်ကယ်နှင့် သုံးဘီးတပ်ယာဉ်များတွင် အသံပိုမိုကျယ်လောင်စေရန် အသံထိန်းကိရိယာများ ပြောင်းလဲ တပ်ဆင်ခြင်း၊ အသံထိန်းကိရိယာ ဖြုတ်၍မောင်းနှင်ခြင်း၊ ဆူညံသံဖြစ်ပေါ်စေသည့် ကိရိယာတပ်ဆင် အသုံးမပြုကြရန်နှင့် တပ်ဆင်အသုံးပြုသော မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်နှင့် သုံးဘီးတပ် ယာဉ်များအား ၂၀၂၀ ပြည့်နှစ်၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေအရ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။
ယာဉ်ထိန်းရဲတပ်ဖွဲ့