အရေးပေါ်ဖုန်း: 199
မြန်မာနိုင်ငံရဲတပ်ဖွဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ Myanmar Police Force
အသိပေးကြေငြာချက်

ARSA အကြမ်းဖက်အဖွဲ့ဝင်၁၃၀ဝကျော်၏အမည်စာရင်းကို မြန်မာဘက်မှဘင်္ဂလားဒေ့ရှ်ဘက်သို့ပေးပို့ထား

နေပြည်တော် ဇန်နဝါရီ ၁၆ ArakanRohingya Salvation Army (ARSA) အကြမ်းဖက်အဖွဲ့ဝင်၁၃၀ဝကျော်၏ အမည်စာရင်းကိုမြန်မာဘက်မှဘင်္ဂလားဒေ့ရှ်ဘက်သို့ပေးပို့ထားကြောင်းနိုင်ငံခြားရေးဝန်ကြီးဌာနမှသိရှိရပြီးပြီးခဲ့သည့်နှ

နေပြည်တော် ဇန်နဝါရီ ၁၆

small imageArakanRohingya Salvation Army (ARSA) အကြမ်းဖက်အဖွဲ့ဝင်၁၃၀ဝကျော်၏ အမည်စာရင်းကိုမြန်မာဘက်မှဘင်္ဂလားဒေ့ရှ်ဘက်သို့ပေးပို့ထားကြောင်းနိုင်ငံခြားရေးဝန်ကြီးဌာနမှသိရှိရပြီးပြီးခဲ့သည့်နှစ်နိုဝင်ဘာ၁၄ရက်က နေပြည်တော်၌ပြုလုပ်သည့် စတုတ္ထအကြိမ်မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့များလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ ဗဟိုအဆင့်အစည်းအဝေးတွင် ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ARSA အကြမ်းဖက်သမားများအား ၁၉၈၀ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သည့် နယ်နိမိတ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးသဘောတူညီချက်နှင့်အညီ ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်သွားနိုင်ရန်အတွက် ပြန်လည်လွှဲပြောင်းပေးရန် မြန်မာနိုင်ငံမှဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ အကြောင်းကြားထားပြီးဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှသိရသည်။

( Information Committee Website မှ ကူးယူဖော်ပြသည်)

ARSA အကြမ်းဖက်အဖွဲ့ဝင်များ၏ပုံများကို ကြည့်ရှူရန် အောက်ပါလင့်များကိုနှိပ်ပါ။

folder icon 18-1-2018
folder icon 19-1-2018
folder icon 20-1-2018
folder icon 21-1-2018
folder icon 22-1-2018
folder icon 23-1-2018