အရေးပေါ်ဖုန်း: 199
မြန်မာနိုင်ငံရဲတပ်ဖွဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ Myanmar Police Force
မှုခင်းသတင်းများ

စစ်ကိုင်းမြို့နှင့် ရွှေဘိုမြို့တို့၌ လိုင်စင်မဲ့ မော်တော်ယာဉ်နှစ်စီး ဖမ်းဆီးရမိ

စစ်ကိုင်းမြို့နှင့် ရွှေဘိုမြို့တို့၌ လိုင်စင်မဲ့ မော်တော်ယာဉ်နှစ်စီး ဖမ်းဆီးရမိ နေပြည်တော်၊ ဇွန် ၈           စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နှင့် ရွှေဘိုမြို့တို့၌ ဇွန်လ ၆ ရက်နေ့က လိုင်စင်မဲ

စစ်ကိုင်းမြို့နှင့် ရွှေဘိုမြို့တို့၌ လိုင်စင်မဲ့ မော်တော်ယာဉ်နှစ်စီး ဖမ်းဆီးရမိ

နေပြည်တော်၊ ဇွန် ၈

          စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နှင့် ရွှေဘိုမြို့တို့၌ ဇွန်လ ၆ ရက်နေ့က လိုင်စင်မဲ့ မော်တော်ယာဉ်နှစ်စီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

          ဖြစ်စဉ်မှာ ဇွန်လ ၆ ရက်နေ့ နံနက် ၆ နာရီ ၂၀ မိနစ်အချိန်တွင် စစ်ကိုင်းမြို့၊ တကောင်း ရပ်ကွက်၊ မန္တလေး-မုံရွာကားလမ်း၊ ရတနာပုံတံတား လမ်းအသုံးပြုခကောက်ခံရေးဂိတ်၌ အမှတ် (၁၀၆) ယာဉ်ထိန်းရဲတပ်ဖွဲ့စု(စစ်ကိုင်း)မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့က ယာဉ်စစ်ဆေးခြင်း များဆောင်ရွက်နေစဉ် မန္တလေး-မုံရွာကားလမ်းအတိုင်း အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော် ရပ်ကွက်နေ ဇော်လင်းဦး(၅၀)နှစ် မောင်းနှင်လာသည့် BGO RLG/xxxx TOYOTA HILUX TIGER မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ အဆိုပါယာဉ်နှင့် ပတ်သက်သည့်အထောက်အထား တစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ယာဉ်ဖြစ်ကြောင်း စစ်ဆေးသိရှိရသဖြင့် ဇော်လင်းဦးအား စစ်ကိုင်းမြို့မ ရဲစခန်း (ပ)၁၅၄/ ၂၀၂၆၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့်လည်းကောင်း။

          အလားတူ ညနေ ၅ နာရီ ၅၀ မိနစ်အချိန်တွင် ရွှေဘိုမြို့၊ ရွှေဘို-မြစ်ကြီးနားသွားကားလမ်း ရွှေဘိုတပ်နယ်စုပေါင်းစစ်ဆေးရေးဂိတ်၌ အမှတ်(၁၁၆)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(ရွှေဘို)မှ တပ်ဖွဲ့ဝင် များက ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် ရွှေဘိုမြို့ဘက်မှ မြစ်ကြီးနားမြို့ဘက်သို့ အမှတ် (၁၀)ရပ်ကွက်နေ စောဇေပိုင်ဦး(၂၆)နှစ်မောင်းနှင်လာသည့် MDY-17 4M/xxxx HONDA SHUTTLE မော်တော်ယာဉ်အား စစ်ဆေးခဲ့ရာ အဆိုပါယာဉ်နှင့် ပတ်သက်သည့်အထောက်အထား တစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ယာဉ်ဖြစ်ကြောင်း စစ်ဆေးသိရှိရသဖြင့် စောဇေပိုင်ဦးအား ရွှေဘိုမြို့မ ရဲစခန်း (ပ)၇၅/၂၀၂၆၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့်လည်းကောင်း အသီးသီး အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိသည်။

(ရဲပြန်ကြား)