အရေးပေါ်ဖုန်း: 199
မြန်မာနိုင်ငံရဲတပ်ဖွဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ Myanmar Police Force
မှုခင်းသတင်းများ

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၌ ခမ်းပါတ်မြို့နှင့် တမူးမြို့ကြားရှိ နန်းမွန်းတား(ဘေလီ)တံတားအား PDF အမည်ခံ အကြမ်းဖက်အဖွဲ့က မိုင်းထောင်ဖောက်ခွဲဖျက်ဆီး

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၌ ခမ်းပါတ်မြို့နှင့် တမူးမြို့ကြားရှိ နန်းမွန်းတား(ဘေလီ)တံတားအား PDF အမည်ခံ အကြမ်းဖက်အဖွဲ့က မိုင်းထောင်ဖောက်ခွဲဖျက်ဆီး နေပြည်တော်၊ ဇွန် ၁၂              PDF အမည်ခံ

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၌ ခမ်းပါတ်မြို့နှင့် တမူးမြို့ကြားရှိ နန်းမွန်းတား(ဘေလီ)တံတားအား PDF အမည်ခံ အကြမ်းဖက်အဖွဲ့က မိုင်းထောင်ဖောက်ခွဲဖျက်ဆီး

နေပြည်တော်၊ ဇွန် ၁၂

             PDF အမည်ခံ အကြမ်းဖက်သမားများနှင့် ပူးပေါင်းအဖွဲ့များသည် တိုင်းပြည်တည်ငြိမ် အေးချမ်းမှုပျက်ပြားစေရန်နှင့် ဒေသတွင်းကုန်စည်စီးဆင်းမှုများပျက်ပြားစေရန် ရည်ရွယ်၍ အများ ပြည်သူသွားလာအသုံးပြုလျက်ရှိသည့် လမ်း၊ တံတားများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း များကို ယုတ်မာရိုင်းစိုင်းစွာ ဥပဒေမဲ့ကျူးလွန်လျက်ရှိသည်။

             ထိုသို့လုပ်ဆောင်လျက်ရှိရာ ဇွန်လ ၁၀ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် စစ်ကိုင်းတိုင်း ဒေသကြီး၊ တမူးမြို့နယ်၊ ခမ်းပါတ်မြို့နှင့် တမူးမြို့ကြား နန်းမွန်းတားကျေးရွာအနီး တမူး-ကျီကုန်း-ကလေးဝကားလမ်း မိုင်တိုင်အမှတ် ၈၁ မိုင် ၅ ဖာလုံနှင့် ၆ ဖာလုံကြားရှိ တံတားအမှတ်(၃/၈၂)၊ နန်းမွန်းတား(ဘေလီ)တံတားအား PDF အမည်ခံ အကြမ်းဖက်သမားများက ယုတ်မာရိုင်းစိုင်းစွာ မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခဲ့မှုကြောင့် အရှည်ပေ ၂၄၀ ရှိ အဆိုပါတံတားတွင် တမူးမြို့ဘက်ခြမ်း၌ တံတားအရှည်ပေ ၉၀ ခန့်ပြတ်ကျပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

             ထိုသို့ အကြမ်းဖက်သမားများ၏ ဒေသတွင်းကောင်းစားရေးဟုသုံးနှုန်း၍ ပြည်သူလူထု၏ လူမှုစီးပွားဘဝများ၊ လူ့အခွင့်အရေးများ ဆုံးရှုံးအောင်လုပ်ဆောင်နေကြသည့်အပေါ် ဒေသခံပြည်သူ များက သိရှိနားလည်သဘောပေါက်လာကြပြီဖြစ်ပြီး ယခုကဲ့သို့ နန်းမွန်း(ဘေလီ)တံတားအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့မှုအပေါ် ရွံရှာမုန်းတီးစွာ ကန့်ကွက်ရှုတ်ချလျက်ရှိကြောင်းနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့်လည်း အဆိုပါတံတားအား ပြန်လည်ပြင်ဆင်ခြင်းလုပ်ငန်း များကို အမြန်ဆုံးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

Nan Mun Tar (Bailey) Bridge Between Khan Pat Town and Tamu Town in Sagaing Region, Blow up by So-Called PDF Terrorists

Nay Pyi Taw, June 12

             Terrorists groups are carrying out attacks by firing heavy and small weapons into towns and villages where innocent civilians, who are not military targets, reside, with the aim of destabilizing the country and disrupting its peace and stability. Additionally, they are attacking vehicles traveling on roads by using explosive devices, firing heavy and small arms at them, and planting landmines to destroy roads and bridges.

          Since they are conducting such terrorist acts, on 10 June 2026, around 1:00 pm, a so-called PDF terrorist group blew up the Nan Mun Tar (bailey) Bridge, located between mileposts 81/5 and 6 on the Tamu-Kyigone-Kalewa Road near Nan Mun Tar Village, situated between Khan Pat Town and Tamu Town in Sagaing Region. As a result, approximately 90 feet of the 240-foot-long bridge on the Tamu Town side collapsed, it is reported.

          Local residents have come to understand and realize that the terrorists, using the pretext of 'regional development,' are causing the loss of the public's socioeconomic livelihoods and human rights. The public is condemning and criticizing the destruction of the bridge, and relevant authorities will also carry out the necessary repairs to the bridge as quickly as possible, it is reported.