ချမ်းမြသာစည်မြို့နယ်၌ ဓားဦးချွန်ဓားရှည် ကိုင်ဆောင်ရမ်းကားသူ အမျိုးသား ၁ ဦးအား ဖမ်းဆီးအရေးယူ နေပြည်တော်၊ ဇွန် ၁၁ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၌ ဇွန်လ ၉ ရက်နေ့က ဓားဦးချွန်ဓားရှည
ချမ်းမြသာစည်မြို့နယ်၌ ဓားဦးချွန်ဓားရှည် ကိုင်ဆောင်ရမ်းကားသူ အမျိုးသား ၁ ဦးအား ဖမ်းဆီးအရေးယူ
နေပြည်တော်၊ ဇွန် ၁၁
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၌ ဇွန်လ ၉ ရက်နေ့က ဓားဦးချွန်ဓားရှည် ကိုင်ဆောင်ရမ်းကားသူ အမျိုးသား ၁ ဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇွန်လ ၉ ရက်နေ့ နံနက် ၁ နာရီ ၂၅ မိနစ်အချိန်တွင် ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက နယ်မြေအတွင်း လှည့်ကင်းဆောင်ရွက်နေစဉ် ထွန်တုံးရပ်ကွက်၊ ၁၁၂(F)လမ်းအရောက်၌ အဆိုပါရပ်ကွက်နေ အောင်ကိုကိုဝင်း(ခ)တရုတ်ကြီး (၃၂)နှစ်အား အရိုး/အသွား ၂၄ လက်မခန့်ရှိ ဓားဦးချွန်ဓားရှည် ၁ ချောင်း ကိုင်ဆောင်ရမ်းကား နေသည်ကို တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် အောင်ကိုကိုဝင်း(ခ)တရုတ်ကြီးအား အောင်ပင်လယ်နယ်မြေ ရဲစခန်း (ပ)၉၃/၂၀၂၆၊ လက်နက်ဥပဒေပုဒ်မ ၂၃(က) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်း ရရှိသည်။
(ရဲပြန်ကြား)
