ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၌ လက်နက်ကိုင်အကြမ်းဖက်သမားများက “မံဆောင်” သံကူကွန်ကရစ်တံတားအသစ်အား မိုင်းထောင်ဖောက်ခွဲဖျက်ဆီး နေပြည်တော်၊ ဇွန် ၉ နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်အဖွဲ့များအနေဖြင
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၌ လက်နက်ကိုင်အကြမ်းဖက်သမားများက “မံဆောင်” သံကူကွန်ကရစ်တံတားအသစ်အား မိုင်းထောင်ဖောက်ခွဲဖျက်ဆီး
နေပြည်တော်၊ ဇွန် ၉
နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်အဖွဲ့များအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် ရည်ရွယ်၍ စစ်ရေးပစ်မှတ်မဟုတ်သည့် အပြစ်မဲ့ပြည်သူများနေထိုင်ရာ မြို့၊ ကျေးရွာ များအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ လမ်းမကြီးများပေါ်၌ မောင်းနှင်သွားလာနေသည့် မော်တော်ယာဉ်များအား မိုင်းဆွဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ လမ်းတံတားများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီး ခြင်းစသည့် အကြမ်းဖက်မှုလုပ်ရပ်များအား လုပ်ဆောင်လျက်ရှိသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ဇွန်လ ၇ ရက်နေ့ နံနက် ၄ နာရီခွဲတွင် ချင်းပြည်နယ်၊ တီးတိန် မြို့နယ်၊ လမ်းဇန်ကျေးရွာနှင့် လိုင်တွီးကျေးရွာကြားရှိ မဏိပူရမြစ်အား ဖြတ်သန်း၍ တီးတိန်မြို့နှင့် ရိဒ်ခေါဒါရ်မြို့သို့ ဆက်သွယ်ထားသည့် “မံဆောင်”သံကူကွန်ကရစ်တံတားအသစ်အား အကြမ်းဖက် အဖွဲ့(စိစစ်ဆဲ)က မိုင်းထောင်ဖောက်ခွဲခဲ့သဖြင့် အဆိုပါတံတား၏ ရေလယ်တိုင်အမှတ် P1 ရှိ တိုင် နှစ်လုံးတွင် အောက်ခြေပိုင်းပျက်စီးသွားခဲ့ပြီး လူနှင့် မော်တော်ဆိုင်ကယ်များဖြတ်သန်းသွားလာနိုင် ကြောင်းနှင့် မော်တော်ယာဉ်များမှာ အနီးရှိ တံတားအဟောင်းမှ ဖြတ်သွားလာလျက်ရှိကြောင်း သိရသည်။
ထိုကဲ့သို့ အများပြည်သူသွားလာအသုံးပြုလျက်ရှိသော သံကူကွန်ကရစ်မြစ်ကူးတံတားအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးမှုကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ လိုအပ်သည်များ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
“Mansang” New Steel-Reinforced Concrete Bridge Blow up by Terrorists in Tedim Township, Chin State
Nay Pyi Taw, June 9
Terrorists groups are carrying out attacks by firing heavy and small weapons into towns and villages where innocent civilians, who are not military targets, reside, with the aim of destabilizing the country and disrupting its peace and stability. Additionally, they are attacking vehicles traveling on roads by using explosive devices, firing heavy and small arms at them, and planting landmines to destroy roads and bridges.
Since they are conducting such terrorist acts, on 7 June 2026, around 4:30 am, a terrorist group blew up the “Mansang” new steel-reinforced concrete bridge, which spans the Manipur River and connects Tedim Town and Rihkhawdar Town, between Lamzan Village and Lai Twee Village in Tedim Township of Chin State. As a result, the bases of two pillars at mid-river Pier Point P1 of the bridge were damaged. Pedestrians and motorcycles can still cross the bridge, while vehicles are using the nearby old bridge, it is reported.
It has been reported that the security forces are investigating the culprits of the acts of terrorism from the above incident to take effective action in accordance with the law.
