ဟိုပုံးမြို့နယ်နှင့် ဆီဆိုင်မြို့နယ်တို့၌ ဘိန်းစိုက်ခင်းများဖျက်ဆီး နေပြည်တော်၊ မတ် ၂၄ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဟိုပုံးမြို့နယ်နှင့် ဆီဆိုင်မြို့နယ်တို့၌ မတ်လ ၂၂ ရက်နေ့က ဘိန်း စိုက်ခင်း
ဟိုပုံးမြို့နယ်နှင့် ဆီဆိုင်မြို့နယ်တို့၌ ဘိန်းစိုက်ခင်းများဖျက်ဆီး
နေပြည်တော်၊ မတ် ၂၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဟိုပုံးမြို့နယ်နှင့် ဆီဆိုင်မြို့နယ်တို့၌ မတ်လ ၂၂ ရက်နေ့က ဘိန်း စိုက်ခင်း စုစုပေါင်း ၁၂ ဧကခန့်အား ဖျက်ဆီးရှင်းလင်းခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မတ်လ ၂၂ ရက်နေ့ နံနက် ၉ နာရီအချိန်မှ မွန်းလွဲ ၁၂ နာရီ ၂၀ မိနစ်အချိန်ထိ ဟိုပုံး မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က ဟိုပုံးမြို့နယ်၊ ဖက်ရမ်းလေးကျေးရွာအနီးတစ်ဝိုက်ရှိ သီးပွင့်ဆဲဘိန်းစိုက်ခင်း ၇ ဧကခန့်အားလည်းကောင်း။
ထို့အတူ နံနက် ၉ နာရီ ၄၀ မိနစ်အချိန်မှ ၁၀ နာရီ ၅၀ မိနစ်အချိန်ထိ ဆီဆိုင်မြို့နယ် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က ဆီဆိုင်မြို့နယ်၊ ပင်စုံ(မြောက်)ကျေးရွာအနီးတစ်ဝိုက်ရှိ သီးပွင့်ဆဲဘိန်းစိုက်ခင်း ၅ ဧကခန့်အားလည်းကောင်း ဖျက်ဆီး ရှင်းလင်းခဲ့ကြောင်း သတင်းရရှိသည်။
(ရဲပြန်ကြား)
