အရေးပေါ်ဖုန်း: 199
မြန်မာနိုင်ငံရဲတပ်ဖွဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ Myanmar Police Force
မူးယစ်ဆေးဖမ်းဆီးရရှိမှုသတင်းများ

ထန်းတပင်မြို့နယ်တွင် ငွေကျပ်သိန်း ၆,၇၅၀ တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများဖမ်းဆီးရမိ

ထန်းတပင်မြို့နယ်တွင် ငွေကျပ်သိန်း ၆,၇၅၀ တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများဖမ်းဆီးရမိ နေပြည်တော်၊ မေ ၂၄ မေလ ၂၁ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန် မူး                    ယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မ

ထန်းတပင်မြို့နယ်တွင် ငွေကျပ်သိန်း ၆,၇၅၀ တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများဖမ်းဆီးရမိ

နေပြည်တော်၊ မေ ၂၄

မေလ ၂၁ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန် မူး                    ယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ထန်းတပင်မြို့နယ်၊ ကျောင်းစုရပ်ကွက်အနီး၊ အနောက်ပိုင်းတက္ကသိုလ်လမ်းမကြီးတွင် ကမာရွတ်မြို့နယ်၊ (၁)ရပ်ကွက်နေ စိုးနိုင်(၃၃)နှစ် မောင်းနှင်ပြီး ထန်းတပင်မြို့နယ်၊ ပေါက်တန်းကျေးရွာနေ သန်းထွေး(၅၂)နှစ် လိုက်ပါလာသော HONDA FIT အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀,၀၀၀ ပြား (တစ်ပြားလျှင်ငွေကျပ် ၁,၅၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် သိန်း ၃,၀၀၀)နှင့် အိုက်စ်(မက်သ်အဖက်တမင်း) ၁၅ ကီလို(တစ်ကီလိုလျှင်ငွေကျပ်သိန်း ၂၅၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုး ငွေကျပ်သိန်း ၃,၇၅၀)တို့အား ဖမ်းဆီးရမိသဖြင့် စိုးနိုင်နှင့် သန်းထွေးတို့အား  မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။