အရေးပေါ်ဖုန်း: 199
မြန်မာနိုင်ငံရဲတပ်ဖွဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ Myanmar Police Force
မူးယစ်ဆေးဖမ်းဆီးရရှိမှုသတင်းများ

ကျိုင်းတုံမြို့နယ်တွင် ငွေကျပ် ၂၈ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

ကျိုင်းတုံမြို့နယ်တွင် ငွေကျပ် ၂၈ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ နေပြည်တော်၊ မတ် ၁၈ မတ်လ ၁၅ ရက်နေ့ ည ၇ နာရီအချိန် မူး                    ယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ

ကျိုင်းတုံမြို့နယ်တွင် ငွေကျပ် ၂၈ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

နေပြည်တော်၊ မတ် ၁၈

မတ်လ ၁၅ ရက်နေ့ ည ၇ နာရီအချိန် မူး                    ယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့က သတင်းအရ ကျိုင်းတုံမြို့နယ်၊ ပန်ကြူကျေးရွာအနီးတွင် ကျိုင်းတုံမြို့နယ်၊မိုင်းပန်(လယ်)ကျေးရွာအုပ်စု၊မိုင်းခါးကျေးရွာနေ ကျဖ(၂၀)နှစ် မောင်းနှင်လာသော HONDA WAVE i 110 မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေခဲ့ရာ ၎င်းသယ်ဆောင်လာသည့် စိတ်ကြွရူးသွပ်ဆေးပြား ၄,၀၀၀ ပြား (တစ်ပြားလျှင်ငွေကျပ် ၇၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၂၈ သိန်း)အား ဖမ်းဆီးရမိသဖြင့် ကျဖ အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။