အရေးပေါ်ဖုန်း: 199
မြန်မာနိုင်ငံရဲတပ်ဖွဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ Myanmar Police Force
မူးယစ်ဆေးဖမ်းဆီးရရှိမှုသတင်းများ

ကျိုင်းတုံမြို့နယ်တွင် ငွေကျပ်သိန်း ၇၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိ

ကျိုင်းတုံမြို့နယ်တွင် ငွေကျပ်သိန်း ၇၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိ နေပြည်တော်၊ ဧပြီ ၇ ဧပြီလ ၄ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန် မူး                    ယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတ

ကျိုင်းတုံမြို့နယ်တွင် ငွေကျပ်သိန်း ၇၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိ

နေပြည်တော်၊ ဧပြီ ၇

ဧပြီလ ၄ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန် မူး                    ယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ကျိုင်းတုံမြို့နယ်၊ ကတ်ထိုက်ကျေးရွာ အုပ်စု၊ နောင်ရှဲန်ကျေးရွာအနီးတွင် ကျိုင်းတုံမြို့နယ်၊ ပိန်းခမ်းကျေးရွာနေ ကျအူ(၅၀)နှစ် မောင်းနှင် လာသော WAVE i 125 အမျိုးအစား မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းလွယ် ထားသည့် လွယ်အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၀၀၀ ပြား (တစ်ပြားလျှင်ငွေကျပ် ၇၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ်သိန်း ၇၀ )အား ဖမ်းဆီးရမိသဖြင့် ကျအူအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။