ကျိုက်ထိုမြို့နယ်၌ လိုင်စင်မဲ့မော်တော်ယာဉ် ၂ စီး ဖမ်းဆီးရမိ နေပြည်တော်၊ ဇွန် ၁၀ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၌ ဇွန်လ ၈ ရက်နေ့က လိုင်စင်မဲ့မော်တော်ယာဉ် ၂ စီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသ
ကျိုက်ထိုမြို့နယ်၌ လိုင်စင်မဲ့မော်တော်ယာဉ် ၂ စီး ဖမ်းဆီးရမိ
နေပြည်တော်၊ ဇွန် ၁၀
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၌ ဇွန်လ ၈ ရက်နေ့က လိုင်စင်မဲ့မော်တော်ယာဉ် ၂ စီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇွန်လ ၈ ရက်နေ့ ညနေ ၄ နာရီ ၁၅ မိနစ်အချိန်တွင် ကျိုက်ထိုမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်ပါဝင်သော ပူးပေါင်းအဖွဲ့က သတင်းအရ ကျွန်းတောကျေးရွာ၊ တံတားဖြူထိပ်၌ စောင့်ဆိုင်းနေစဉ် ဘီးလင်းမြို့ဘက်မှ ကျိုက်ထိုမြို့ဘက်သို့ မိတ္ထီလာမြို့နေ သန်းမော်ဝင်း(၄၁)နှစ် မောင်းနှင်လာသည့် MDY-18 RLG/xxxx NISSAN X-TRAIL ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ အဆိုပါမော်တော်ယာဉ်နှင့် ပတ်သက်သည့်အထောက်အထား တစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ယာဉ်ဖြစ်ကြောင်း စစ်ဆေးသိရှိရသဖြင့် သန်းမော်ဝင်းအား ကျိုက်ထိုမြို့မရဲစခန်း (ပ)၁၆၉/ ၂၀၂၆၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့်လည်းကောင်း၊
အလားတူ ညနေ ၄ နာရီ ၂၀ မိနစ်အချိန်တွင် ကျိုက်ထိုမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က သတင်းအရ ဘိုရားကြီးကျေးရွာထိပ်၌ စောင့်ဆိုင်းနေစဉ် ဘိုရားကြီး ကျေးရွာဘက်မှ ကျိုက်ထိုမြို့ဘက်သို့ ရမည်းသင်းမြို့နေ ဇင်မင်း(၃၈)နှစ် မောင်းနှင်ပြီး ရွှေကျင်မြို့၊ ကျောက်လုံးကြီးကျေးရွာနေ အောင်တင်(၆၆)နှစ်နှင့် ပျော်ဘွယ်မြို့၊ ပြည်သာယာရပ်ကွက်နေ သန်းမော်လင်း(၄၂)နှစ်တို့ လိုက်ပါလာသည့် MDY-15 RLG/xxxx NISSAN ADVAN ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ အဆိုပါမော်တော်ယာဉ်နှင့် ပတ်သက်သည့်အထောက်အထား တစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ယာဉ်ဖြစ်ကြောင်း စစ်ဆေးသိရှိရသဖြင့် ဇင်မင်း၊ အောင်တင်နှင့် သန်းမော်လင်းတို့အား ကျိုက်ထိုမြို့မရဲစခန်း (ပ)၁၇၀/၂၀၂၆၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် လည်းကောင်း အသီးသီး အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
(ရဲပြန်ကြား)
