အရေးပေါ်ဖုန်း: 199
မြန်မာနိုင်ငံရဲတပ်ဖွဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ Myanmar Police Force
မှုခင်းသတင်းများ

လပွတ္တာမြို့နယ်၌ ဒီဇယ်ဆီများ တရားမဝင် သယ်ဆောင်သူ အမျိုးသား ၁ ဦးအား ဖမ်းဆီးအရေးယူ

လပွတ္တာမြို့နယ်၌ ဒီဇယ်ဆီများ တရားမဝင် သယ်ဆောင်သူ အမျိုးသား ၁ ဦးအား ဖမ်းဆီးအရေးယူ နေပြည်တော်၊ ဇွန် ၉                ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၌ ဇွန်လ ၇ ရက်နေ့က ဒီဇယ်ဆီများ တရားမဝင် သယ်ဆောင်

လပွတ္တာမြို့နယ်၌ ဒီဇယ်ဆီများ တရားမဝင် သယ်ဆောင်သူ အမျိုးသား ၁ ဦးအား ဖမ်းဆီးအရေးယူ

နေပြည်တော်၊ ဇွန် ၉

               ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၌ ဇွန်လ ၇ ရက်နေ့က ဒီဇယ်ဆီများ တရားမဝင် သယ်ဆောင်သူ အမျိုးသား ၁ ဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

               ဖြစ်စဉ်မှာ ဇွန်လ ၇ ရက်နေ့ ညနေ ၄ နာရီအချိန်တွင် လပွတ္တာမြို့နယ်၊ ဘေးပေါက် ကျေးရွာဆိပ်ကမ်း၌ တရားမဝင် ဒီဇယ်ဆီများ သယ်ဆောင်နေကြောင်း သတင်းအရ လပွတ္တာခရိုင် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါဆိပ်ကမ်း၌ ရပ်တန့်ထားသည့် ကျုံမငေးမြို့၊မြစိမ်းရပ်ကွက်နေ တင်ကိုကိုလတ်(ခ)မိုဟာမတ်(၅၄)နှစ် ပိုင်ဆိုင်သည့် “သန်းစိုးအောင်”အမည်ပါ ရေယာဉ်အား စစ်ဆေးခဲ့ရာ ရေယာဉ်ပေါ်တွင် တရားမဝင်တင်ဆောင်လာ သည့် ဒီဇယ် ၅၀ ဂါလံခန့်စီပါ ပီပါ၁၅ လုံးအား တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် တင်ကိုကိုလတ်(ခ) မိုဟာမတ် အား ကန်ဘက်နယ်မြေရဲစခန်း (ပ)၂၄/၂၀၂၆၊ ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေပုဒ်မ ၃၇ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

(ရဲပြန်ကြား)