အရေးပေါ်ဖုန်း: 199
မြန်မာနိုင်ငံရဲတပ်ဖွဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ Myanmar Police Force
မူးယစ်ဆေးဖမ်းဆီးရရှိမှုသတင်းများ

လားရှိုးမြို့တွင် ငွေကျပ် ၈၂ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

လားရှိုးမြို့တွင် ငွေကျပ် ၈၂ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ နေပြည်တော်၊ မတ် ၁၉ မတ်လ ၁၇ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူး

လားရှိုးမြို့တွင် ငွေကျပ် ၈၂ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော်၊ မတ် ၁၉

မတ်လ ၁၇ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ လားရှိုးမြို့၊ သံလွင်ရပ်ကွက်နေ လောက်ခမ်း (ခ)အားခမ်း(၃၂)နှစ်၏နေအိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၈,၀၀၀ ပြား (တစ်ပြားလျှင်ငွေကျပ် ၁,၀၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ်သိန်း ၈၀)နှင့် ဘိန်းဖြူ ၁၀ ဂရမ် (တစ်ဂရမ်လျှင်ငွေကျပ် ၂၀,၀၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၂ သိန်း)တို့အား ဖမ်းဆီးရမိသဖြင့် လောက်ခမ်း(ခ)အားခမ်းအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။