အရေးပေါ်ဖုန်း: 199
မြန်မာနိုင်ငံရဲတပ်ဖွဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ Myanmar Police Force
မူးယစ်ဆေးဖမ်းဆီးရရှိမှုသတင်းများ

လားရှိုးမြို့တွင် ငွေကျပ်သိန်း ၃၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိ

လားရှိုးမြို့တွင် ငွေကျပ်သိန်း ၃၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိ နေပြည်တော်၊ မေ ၁၅ မေလ ၁၃ ရက်နေ့ ည ၇ နာရီခွဲအချိန် မူး                    ယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖ

လားရှိုးမြို့တွင် ငွေကျပ်သိန်း ၃၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိ

နေပြည်တော်၊ မေ ၁၅

မေလ ၁၃ ရက်နေ့ ည ၇ နာရီခွဲအချိန် မူး                    ယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် သတင်းအရ လားရှိုးမြို့၊ ရပ်ကွက်(၈)၊ နယ်မြေ(၁၃)၊ လားရှိုး-သိန္နီသွားလမ်းတွင် မူဆယ်မြို့၊ နမ့်အွမ်ကျေးရွာနေ ရန်ပိန်းချိမ့်(၂၆)နှစ် မောင်းနှင်လာသော TOYOTA CROWN အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွ ရူးသွပ်ဆေးပြား ၆၀,၀၀၀ ပြား (တစ်ပြားလျှင်ငွေကျပ် ၅၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ်သိန်း ၃၀၀)အား ဖမ်းဆီးရမိသဖြင့် ရန်ပိန်းချိမ့်အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။