အရေးပေါ်ဖုန်း: 199
မြန်မာနိုင်ငံရဲတပ်ဖွဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ Myanmar Police Force
မူးယစ်ဆေးဖမ်းဆီးရရှိမှုသတင်းများ

လွိုင်လင်မြို့နယ်တွင် ငွေကျပ် ၈,၆၆၈ ဒသမ ၆၅ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

လွိုင်လင်မြို့နယ်တွင် ငွေကျပ် ၈,၆၆၈ ဒသမ ၆၅ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းဆီးရမိ နေပြည်တော်၊ မေ ၂၆ မေလ ၂၁ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန် မူး                    ယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်

လွိုင်လင်မြို့နယ်တွင် ငွေကျပ် ၈,၆၆၈ ဒသမ ၆၅ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

နေပြည်တော်၊ မေ ၂၆

မေလ ၂၁ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန် မူး                    ယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့အနီး ပင်လုံ- ကျောက်တန်း-တောင်ကြီးသွားကားလမ်းတွင် မြဝတီမြို့နယ်၊ကျောက်ခက်ကျေးရွာနေ ဟန်ထူးအောင် (၄၈)နှစ် မောင်းနှင်ပြီး သန်လျင်မြို့၊ အုတ်ဖိုစုရပ်ကွက်နေ မျိုးသူကို(၂၄)နှစ် လိုက်ပါလာသော TOYOTA FORTUNER အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ မျိူးသူကို ထံမှ စိတ်ပြောင်း ဆေးဝါး HAPPY WATER ၅ ဂရမ် (တစ်ဂရမ်လျှင် ငွေကျပ် ၁၃,၀၀၀ နှုန်းဖြင် ၎င်းဒေသတန်ဖိုးငွေကျပ် ၆၅,၀၀၀)အား ဖမ်းဆီးရမိပြီး ဆက်လက်ရှာဖွေရာ ယာဉ်ပေါ်မှ ၎င်းတို့ ၂ ဦး သိုဝှက်ထည့်သွင်း သယ်ဆောင်လာသည့် ဘိန်းဖြူဘလောက်တုံး ၂၇၂ တုံး၊ အလေးချိန် ၉၅ ဒသမ ၂ ကီလို (တစ်ကီလိုလျှင် ငွေကျပ်သိန်း ၉၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၈၅၆၈ သိန်း)၊ စိတ်ပြောင်းဆေးဝါး HAPPY WATER ၁ ကီလို (တစ်ကီလိုလျှင် ငွေကျပ်သိန်း ၁၀၀ နှုန်းဖြင့် ၎င်းဒေသ တန်ဖိုးငွေကျပ်သိန်း ၁၀၀ )နှင့် မြန်မာ ငွေကျပ် ၁၅ သိန်းတို့အား ဖမ်းဆီးရမိသဖြင့် ဟန်ထူးအောင်နှင့်  မျိူးသူကိုတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။