မဟာအောင်မြေမြို့နယ်တွင် ငွေကျပ်သိန်း ၁,၈၅၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းဆီးရမိ နေပြည်တော်၊ မေ ၁၅ မေလ ၁၁ ရက်နေ့ ည ၇ နာရီအချိန် မူး ယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝ
မဟာအောင်မြေမြို့နယ်တွင် ငွေကျပ်သိန်း ၁,၈၅၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းဆီးရမိ
နေပြည်တော်၊ မေ ၁၅
မေလ ၁၁ ရက်နေ့ ည ၇ နာရီအချိန် မူး ယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ မဟာအောင်မြေမြို့နယ်၊ သံလျှက်မှော် အရှေ့ရပ်ကွက်၊ ၄၁ x ၄၂ လမ်းကြား၊ ၈၆(အေ)လမ်းရှိ ဖယ်ခုံမြို့နယ်၊ ပီကင်းကျေးရွာနေ သိန်းအောင်(ခ)အောင်ပိ(၂၂)နှစ် ငှားရမ်းနေထိုင်သည့်နေအိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ် အတွင်းမှ ဘိန်းစိမ်း ၉၀ ကီလို (တစ်ကီလိုလျှင်ငွေကျပ် ၉ သိန်းနှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် သိန်း ၈၁၀)၊ ဘိန်းဆီခဲ ၂၄ ကီလို (တစ်ကီလိုလျှင်ငွေကျပ် ၂၅ သိန်းနှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် သိန်း ၆၀၀)နှင့် ဘိန်းဖြူ ၁ ဒသမ ၇၆ ကီလို (တစ်ကီလိုလျှင်ငွေကျပ် သိန်း ၂၅၀ နှုန်းဖြင့် ၎င်းဒေသ တန်ဖိုးငွေကျပ်သိန်း ၄၄၀) တို့အား ဖမ်းဆီးရမိသဖြင့် သိန်းအောင်(ခ)အောင်ပိအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။
